Healthy Life Ad
International

ချောကလက်စားခြင်းနှင့် ဝိုင်နီသောက်ခြင်းက နုပျိုမှု၏ လျှို့ဝှက်ချက်ဟုဆို

၊ မိုးမင်းထွန်း ၊

ချောကလက်စားတာနဲ့ ဝိုင်နီသောက်တာတို့က အိုမင်းတဲ့ဆဲလ်တွေ ပြန်လည်နုပျိုသန်စွမ်းအောင် လုပ်ဆောင်နိုင်တဲ့အစွမ်းရှိကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

လူတွေအသက်ကြီးလာတဲ့အခါ ရှူးဖိနပ်ကြိုးထိပ်မှ ပလပ်စတစ်အစွပ်တွေလို အလုပ်လုပ်တဲ့ ဆဲလ်ထဲမှ DNA ကိုကာကွယ်ပေးတဲ့ telomeres တွေ တဖြည်းဖြည်းဆုံးရှုံးသွားကြပါတယ်။ ဗြိတိန်နိုင်ငံ၊ အက်စ်ဇီတာတက္ကသိုလ်မှ သုတေသီတွေက ဝိုင်အနီ၊ ချောကလက်အမည်း၊ အနီရောင်စပျစ်သီးနဲ့ ဘလူးဘယ်ရီသီးတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ဓာတ်ပေါင်းနဲ့ ဓာတ်ခွဲခန်းထဲမှာ ဆဲလ်တွေကိုသုတ်လိမ်းခဲ့ပါတယ်။ ဒီအစားအစာတွေမှာ အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုသက်သာစေတဲ့ အကျိုးကျေးဇူးရှိတဲ့ Flavonoids ကြွယ်ဝစွာပါဝင်ကြပါတယ်။

နာရီပေါင်းများကုသမှုပြီးနောက် အိုမင်းတဲ့ဆဲလ်တွေဟာ ကွဲထွက်စပြုခဲ့ပြီး ရှည်လျားတဲ့ Telomeres တွေရှိတာကို တွေ့ရှိခဲ့ပါတယ်။ လက်ထောက် သုတေသီ ဒေါက်တာအီဗာလာတော်ရီက လက်တွေ့စမ်းသပ်မှု အကြိမ်ကြိမ်လုပ်ခဲ့ကြောင်းနဲ့ အိုမင်းတဲ့ ဆဲလ်တွေဟာ ပြန်လည်နုပျိုသန်စွမ်းလာတာကို တွေ့ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ ဒီတွေ့ရှိမှုကို BMJ Cell Biology ဆေးပညာ ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top