Healthy Life Ad
International

လက်ဝှေ့ထိုးအားကစားက ကယ်လိုရီလောင်ကျွမ်းမှုအမြင့်ဆုံးဟုဆို

၊ ကိုမိုး ၊

ကြိုးဝိုင်းထဲက လက်ဝှေ့သမားတွေဟာ တစ်နာရီ ၈၀ဝ ကယ်လိုရီနှုန်းလောင်ကျွမ်းကြပြီး ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အထိရောက်ဆုံးအားကစားနည်းဖြစ်ကြောင်း သုတေသနအသစ်က ဆိုပါတယ်။ နံရံကို ဘောလုံးနဲ့အတွဲလိုက် ပစ်ပေါက်ကစားနည်း(Squash)က တစ်နာရီ ၇၄၈ ကယ်လိုရီ လောင်ကျွမ်းကာ ဒုတိယ လိုက်ကြောင်း သိရှိရပါတယ်။ လိင်ဆက်ဆံတာက အမျိုးသား ၁ နာရီ ၂၀ဝ ကယ်လိုရီနှင့် အမျိုးသမီး ၁ နာရီ ၁၃၈ ကယ်လိုရီ လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။

သုတေသီတွေက အားကစားအမျိုးမျိုးပြုလုပ်နေကြတဲ့ကျန်းမာရေး ကောင်းမွန်တဲ့အမျိုးသား၊ အမျိုးသမီးတွေရဲ့ ကယ်လိုရီလောင်ကျွမ်းပုံတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းနှုန်း အမြင့်ဆုံးအားကစားနည်း ၁၀ မျိုးမှာ လက်ဝှေ့ထိုးတာ၊ Squashu စားတာတို့အပြင် လှေလှော်၊ မြန်မြန် ဒါမှမဟုတ် ပုံမှန်ပြေးတာ၊ ရေကူးတာ၊ ရပ်ဂ်ဘီကစားတာ၊ ဘောလုံးကစားတာ၊ စက်ဘီးမြန်မြန်စီးတာ၊ ဝိတ်မအားကစားလုပ်တာနဲ့ ပြေးစက်နဲ့ပြေးတာစတဲ့ အားကစားနည်းတွေက အစဉ်လိုက်ရပ်တည်နေကြတယ် လို့သိရှိရပါတယ်။

သုတေသနစစ်တမ်းက အဝလွန်တဲ့ပြဿနာဖြေရှင်းရာမှာ လူတွေအနေနဲ့ ဘယ်လို အားကစားနည်းရွေးချယ်ရမလဲဆိုတာ ဆုံးဖြတ်နိုင်စေမှာဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။လက်ဝှေ့ထိုးအားကစားက တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန်လှုပ်ရှားရတာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အထိရောက်ဆုံး အားကစားနည်းဖြစ်နေတယ်လို့လည်း ပြောဆိုခဲ့ ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top