Healthy Life Ad
International

လေ့ကျင့်ခန်း၊ သွေးဖိအားထိန်းခြင်းနှင့် ဦးနှောက်လေ့ကျင့်ခြင်းတို့ဖြင့် အယ်လ်ဇိုင်းမားရောဂါ ကာကွယ်နိုင်

၊ မိုးမင်းထွန်း ၊

မှတ်တမ်းအသစ်အရ လေ့ကျင့်ခန်းလုပ်ခြင်း၊ သွေးဖိအား ထိန်းချုပ်ခြင်းနှင့် ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ခြင်း စသည့် နည်းလမ်းသုံးမျိုးဖြင့် အယ်လ် ဇိုင်းမားရောဂါ မဖြစ်စေရန် ကာကွယ်နိုင်ကြောင်း သိရသည်။

လေ့ကျင့်ခန်းလုပ်ခြင်း(အထူးသဖြင့် ပြေးခြင်း) နှင့်သွေးဖိအားထိန်းချုပ်ခြင်းတို့သည် မှတ်ဉာဏ် ကျဆင်းမှုမဖြစ်စေရန် ကာကွယ်နိုင်ပြီး ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ခြင်းက သူငယ်ပြန်ရောဂါဖြစ်ပွားနှုန်းကို ကာကွယ်ပေးကြောင်း မှတ်တမ်းအရ သိရသည်။

အမေရိကန်နိုင်ငံတွင် အယ်လ်ဇိုင်းမားရောဂါကြောင့် သေဆုံးနှုန်းသည် ၁၉၉၉ခုနစ်ကတည်းက ၅၅ ရာခိုင်နှုန်းမြင့်တက်မှုရှိခဲ့ကြောင်း ရောဂါကာ ကွယ်ထိန်းချုပ်ရေးမှတ်တမ်းအရ သိရသည်။

သို့ဖြစ်ရာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နှုန်းလျော့ကျရေးအတွက် ကာကွယ်နည်းသုံးနည်းကို ဖော်ပြထားသည်။

(၁) သွေးတိုးနေလျှင် အထူးသဖြင့် သက်လတ်ပိုင်းအရွယ်တွင် ကုသမှုခံယူပါ။ သွေးတိုးရောဂါရှိသူတို့ နှလုံးရောဂါနှင့်လေဖြတ်ခြင်းမဖြစ်စေရန် ကုသမှု ခံယူသင့်သည်။
(၂) ကိုယ်လက်လှုပ်ရှားမှုကို တိုးမြှင့်လုပ်ဆောင်ပါ။ နှလုံးကျန်းမာရေးအပြင် ဦးနှောက်ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါသည်။
(၃) ပြဿနာဖြေရှင်းခြင်း၊ မှတ်ဉာဏ်နှင့် ဦးနှောက်တွေးခေါ်ဆင်ခြင်နိုင်စွမ်းတို့ကို အခြေခံသည့် ဦးနှောက်လေ့ကျင့်ခန်း (ဥပမာ ဘာသာစကားအသစ်သင်ယူလေ့လာခြင်း၊ လူမှုရေးအလုပ်များ လုပ် ဆောင်ခြင်း)တို့ကို ပြုလုပ်ပေးခြင်းဖြင့် မှတ်ဉာဏ်ကောင်းမွန်စေပြီး ဦးနှောက်ကျန်းမာစေပါသည်။

မေလက လေ့လာမှုအရ အိုမီဂါ၃ ဖက်တီးအက် စစ်ပါဝင်မှုများသည့် ငါးအဆီစားခြင်းဖြင့် မှတ်ဉာဏ် နှင့် သင်ယူလေ့လာနိုင်စွမ်း ကောင်းမွန်စေပြီး စိတ်ဓာတ်ကျခြင်းနှင့် သူငယ်ပြန်အတိတ်မေ့ခြင်းတို့ ဖြစ် နှုန်း လျော့ကျမှုရှိကြောင်း သိရှိထားပြီးဖြစ်သည်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top