Healthy Life Ad
Life Style

မကြာခဏ လေပွတတ်သူတို့ နေ့စဉ်လိုက်နာသင့်သည့် နည်းလမ်းကောင်းများ

၊ ငွေကြယ်စင်ယံ ၊

လေပွတဲ့ဝေဒနာက အခံရခက်တဲ့ဝေဒနာဖြစ်ပြီး လေပွတာကို အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

(၁) ရေအလုံအလောက်သောက်ပါ

ရေကို အလုံအလောက်မသောက်တဲ့အခါ ရေဓာတ်ခမ်းခြောက်မှုဝေဒနာမဖြစ်စေဖို့ သင့်ခန္ဓာကိုယ်က လုပ်ဆောင်ရင်း လေပွစေပါတယ်။ လေပွဝေဒနာမရစေဖို့ တစ်နေ့လုံး ရေနည်းနည်းချင်းငုံပြီး ရေဓာတ်များတဲ့ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ ဖရဲသီး၊ သခွားသီးနဲ့ လိမ္မော်သီးတွေက ရေဓာတ်ပြည့်ဝစေတဲ့အသီးတွေ ဖြစ်ပါတယ်။

(၂) ကော်ဖီနည်းနည်း သောက်ပါ

ကဖင်းဓာတ်ဟာ သင့်ကိုယ်တွင်းစနစ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စွမ်းရှိစေပါတယ်။ တစ်နေ့တာကို ကော်ဖီနဲ့ ပုံမှန်စတင်ရင် လေပွတာကိုကာကွယ်နိုင်ပါတယ်။

(၃) ဆားကို သတိထားပါ

လူတိုင်းဟာ ဆားကိုမတူညီတဲ့ပုံစံနဲ့ တုံ့ပြန်ပါတယ်။ လူအများစုအတွက် ဆားက အယ်လ်ကိုဟောလိုပဲ ရေဓာတ်ဆွဲစေတဲ့ အာနိသင်ရှိတာကြောင့် လေပွစေနိုင်ပါတယ်။ ဆားဟာ ရေမော်လီကျူးတွေကိုဆွဲပြီး ဖောင်းအစ်ကာ လေပွစေပါတယ်။

(၄) ညစာ စောစောစားပါ

ညစာကို စောစောနဲ့ အချိန်မှန်စားပေးတာကြောင့် အစာချေဖျက်နိုင်ခြေပိုကောင်းပြီး လေပွတဲ့ဝေဒနာကို လျော့ပါးစေပါတယ်။

(၅) အစာကို ဖြည်းဖြည်းချင်း ကြေညက်စွာဝါးစားပါ

အစာကို ခပ်မြန်မြန်ဝါးမျိုချတာကြောင့် လေပွနိုင်ခြေများပါတယ်။ ဒါကြောင့် အစာကိုဖြည်းဖြည်းချင်း ကြိတ်ဝါးစားသောက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top