Healthy Life Ad
Life Style

အိမ်ထောင်ရေးသာယာဖို့ သင့်အိမ်ထောင်ဖက်ကို တစ်နေ့မှာအနည်းဆုံး စက္ကန့် ၂၇၀ပဲ အချိန်ပေးပါ

၊ လရိပ်မေ ၊

အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ အိမ်ထောင်ဖက် တစ်ဦးနဲ့တစ်ဦးကြား သီးသန့်အချိန်ပေးတာတွေ လျော့နည်းလာတတ်ပါတယ်။ အိမ်ထောင်ရေး ပိုမိုအဆင်ပြေသာယာပျော်ရွှင်စေဖို့ သင့်အိမ်ထောင်ဖက်ကို တစ်နေ့ စက္ကန့် ၂၇၀ အချိန်ပေးသင့်ကြောင်း စိတ်စွမ်းအားပညာရှင် အားကစားဆိုင်ရာအကြံပေး ဂျင်မ်က အကြံပြုထားပါတယ်။

နံနက်ခင်းမှာ စက္ကန့် ၉၀အချိန်ပေးပါ

အရင်ဆုံး နံနက်ခင်းရောက်ပြီဆိုတာနဲ့ သင့်အိမ်ထောင်ဖက်ကို စက္ကန့် ၉၀ အချိန်ပေးပြီး နှုတ်ဆက်စကားဆိုကာ ချစ်ကြောင်းပြောပါ။

အလုပ်မှအပြန်တွင် စက္ကန့် ၉၀ အချိန်ပေးပါ

အလုပ်ကနေအပြန် သင်အိမ်ပြန်ရောက်ပြီဆိုတာနဲ့ သင့်အိမ်ထောင်ဖက်ကို စက္ကန့် ၉၀ အချိန်ပေးပြီး နှုတ်ဆက်စကားဆိုပါ။ အဲဒီအချိန်မှာ သူပျော်ရွှင်သွားစေမယ့် နှုတ်ဆက်စကားမျိုးကို ပြောဆိုလိုက်ပါ။ “ဒီနေ့ပိုချစ်စရာကောင်းတယ်”ဆိုတာမျိုးပေါ့။ သင့်အိမ်ထောင်ဖက်ကို အလေးထားတဲ့ပုံစံပြတာက သူ့ကို သင်ကတန်ဖိုးထားကြောင်း ပြတာပါပဲ။

ညဘက်တွင် စက္ကန့် ၉၀ အချိန်ပေးပါ

ညစာစားရင်း၊ တီဗီကြည့်ရင်း ကလေးတွေအကြောင်း၊ ငွေရေးကြေးရေးအကြောင်း၊ အလုပ်အကြောင်း ပြောခဲ့ပြီးပြီဆိုရင် အိပ်ရာမဝင်ခင် စက္ကန့် ၉၀ ကိုတော့ အဲဒီအကြောင်းတွေ မပြောပါနဲ့တော့။ သင့် အိမ်ထောင်ဖက်ကို သေချာကြည့်တာ၊ ပွေ့ဖက်တာ၊ ဆံကေသာကို ညင်ညင်သာသာ ကိုင်တွယ်တာတို့လုပ်ကာ ချစ်ကြောင်းပြောပါ။

အကျိုးသက်ရောက်မှု

အဆင်မပြေ၊ ပျော်ရွှင်မှုမရှိခဲ့တဲ့ စုံတွဲတွေဟာ ဒီလိုတစ်နေ့မှာ စက္ကန့် ၂၇၀ အချိန်ပေးရင်း ၇-၁၀ ရက်လောက်ကြာလာတဲ့အခါ ပိုမိုအဆင်ပြေပျော်ရွှင်လာခဲ့တယ်လို့ ဂျင်မ်က ဆိုပါတယ်။ သင့်အိမ်ထောင်ဖက်ကို ဒီ့ထက်ပိုအချိန်ပေးနိုင်တယ်ဆိုရင် ဂုဏ်ယူပါတယ်၊ အချိန်မပေးဖြစ်ရင်တော့ စက္ကန့် ၂၇၀အချိန်ပေးဖို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top