Healthy Life Ad
Life Style

မသာယာတဲ့ မိသားစုဖြစ်စေတဲ့ အချက် ရှစ်ရပ်

မသာယာတဲ့ မိသားစုတွေမှာ တွေ့ရလေ့ရှိတဲ့ အချက်တွေပါ။ ဒါတွေ ရှောင်မယ်ဆိုမှသာ ပျော်ရွှင်သာယာအေးချမ်းတဲ့ မိသားစုဘဝ ပိုင်ဆိုင်မှာဖြစ်ပါတယ်။

(၁) ထိန်းချုပ်လွန်းခြင်း – တစ်ယောက်ကိုတစ်ယောက် ခံစားချက်၊ အပြုအမူ၊ ပေါင်းသင်းဆက်ဆံရေးကအစ အကုန်လိုက်ပါ ထိန်းချုပ်တတ်တာမျိုးပါ။

(၂) အပြစ်တင်ခြင်း – ကိုယ့်မိသားစုဝင်ကို အပြစ်ကင်းစင်တဲ့ စင်းလုံးချောဖြစ်စေချင်လွန်းလို့ ဘာမဆို အပြစ်ရှာနေတတ်တာမျိုးပါ။

(၃) အပြစ်လွှဲချခြင်း – ကိုယ့်ကြောင့် အိမ်မှာအလွဲအမှားတစ်ခု ဖြစ်သွားတာနဲ့ တစ်ယောက်ယောက်ကို လွှဲချအပြစ်တင်တတ်တာမျိုးပါ။

(၄) စိတ်လွတ်လပ်မှုမပေးခြင်း – မိသားစုဝင်တွေရဲ့ခံစားချက်၊ အတွေး၊ သိစိတ်၊ လိုချင်တာ၊ စိတ်ကူးစိတ်သန်းစတာတွေကို ချုပ်ထိန်းထားတာမျိုးပါ။

(၅) ရိုးသားမှုမရှိခြင်း – မိသားစုဝင်အချင်းချင်း ဖုံးကွယ်လိမ်ညာနေတာမျိုးပါ။

(၆) စကားအမှားများသယ်လာခြင်း – မိသားစုဝင်တွေကို စကားအမှား၊ သတင်းအမှားတွေ ပြောတတ်တာပဲ ဖြစ်ပါတယ်။

(၇) စိတ်တိုခြင်း – မိသားစုဝင်တွေအပေါ် အလိုလိုနေရင်း စိတ်တိုတာ၊ ဒေါသထွက်တာ၊ အလိုမကျတာတွေ ဖြစ်နေတာမျိုးပါ။

(၈) ယုံကြည်မှုမရှိခြင်း – ကိုယ့်မိသားစုဝင်တွေထဲမှာ ဘယ်သူ့ကိုမှ မယုံကြည်တာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top