Healthy Life Ad
Life Style

နွေတွင် ဆီးလမ်းကြောင်းနှင့်ကျောက်ကပ် ပိုးဝင်ခြင်းကင်းဝေးစေရန်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဆီးလမ်းကြောင်းကျန်းမာပြီး ကျောက်ကပ် ပိုးဝင်မှုမရှိစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

ရေများများ သောက်ပါ
ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ပြဿနာအတွက် ရေကို များများသောက်ပေးဖို့ လိုပါတယ်။ ရေ များများသောက်တာက ဆီးလမ်းကြောင်းပိုးဝင်မှုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ ရေရှစ်ဖန်ခွက်လောက် သောက်ပေးပါ။

ခရင်မ်ဘယ်ရီဖျော်ရည် သောက်ပါ
ခရင်မ်ဘယ်ရီဖျော်ရည်ဟာ ဆီးလမ်းကြောင်း ပိုးဝင်မှုကို ကင်းစင်စေတဲ့အပြင် ရှလကာရည်ကို ဖျော်သောက်တာကလည်း ဆီးလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ စီး တီးမတ်ဆိုင်တွေမှာ ခရင်မ်ဘယ်ရီဖျော်ရည်ရရှိနိုင်ပါတယ်။

နေ့စဉ် ဗီတာမင်စီ မှီဝဲပါ
တချို့လူတွေက တစ်နေ့မှာဗီတာမင်စီ ၅၀ဝ မီလီဂရမ် မှီဝဲလေ့ရှိပေမယ့် တခြားသူတွေက ဗီတာမင်စီကို ဒီပမာဏထက်ပိုပြီး မှီဝဲနိုင်ပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှ သင့်တော်တဲ့ ဗီတာမင်စီပမာဏကို မှီဝဲသင့်ပါတယ်။

ဆပ်ပြာမြှုပ်ထနေသော ရေချိုးကန်ထဲ ရေစိမ်ချိုးခြင်းကို ရှောင်ပါ
ဆပ်ပြာအမြှုပ်တွေ ပလုံစီနေတဲ့ ရေထဲမှာ စိမ်ချိုးရင် ဆီးလမ်းကြောင်းထဲကို ပိုးဝင်နိုင်ခြေ များတာကြောင့် ရှောင်သင့်တာဖြစ်ပါတယ်။

ဆီးအောင့်မထားဘဲ ဆီးသွားပါ
အမျိုးသမီးတွေအနေနဲ့ လိင်ဆက်ဆံပြီးချိန်၊ အိပ်ရာနိုးထချိန်နဲ့ ဆီးသွားချင်စိတ်ဖြစ်ပေါ်ချိန်တွေမှာ ဆီးသွားပေးသင့်ပါတယ်။ ဆီးသွားတာကြောင့် ဆီးပြွန်အတွင်း ပိုးဝင်ရောက်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သင့်တော်သော နည်းလမ်းဖြင့် သန့်စင်ပါ
အိမ်သာသွားပြီးချိန်မှာ အရှေ့ကနေ အနောက်ဘက်ကို သန့်စင်ပေးပါ။ ဒါမှ ဆီးပြွန်ထဲကို စအိုနေရာက မစင်အညစ်အကြေးနဲ့ ရောဂါပိုးတွေမဝင်ရောက်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top