Healthy Life Ad
Health Tips

ကျောက်ကပ်ကျန်းမာရေး အစဉ်ကောင်းမွန်နေစေရန်

သင်က အသက်ငယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ကျောက်ကပ်ကျန်းမာနေဖို့ အလွန်အရေးကြီးပါတယ်။ ကျောက်ကပ်ဟာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေ ပြုလုပ်ဖို့ အရေးပါတာကြောင့် အသည်း၊ နှလုံးတို့လို အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာဖို့ရာအတွက် လိုက်နာသင့်တဲ့ အခြေခံအဆင့်ငါးရပ်ကို ဖော်ပြလိုက်ရပါတယ်။

အဆင့် (၁) ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူများ ရှောင်ပါ

ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ မူးယစ်ဆေးဝါးသုံးစွဲတာတို့လို ကျောက်ကပ်ထိခိုက်စေတဲ့ အပြုအမူတွေကို ရှောင်ရပါတယ်။

အဆင့် (၂) အာဟာရပြည့်ဝစွာ စားသောက်ပါ

အစာကို ကျန်းမာရေးနဲ့ အညီစားတာကြောင့် ကျောက်ကပ်ကျန်းမာရေးကိုသာမက အဆုတ်၊ နှလုံး၊ ဦးနှောက် အစရှိတဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းကို ကျန်းမာစေပါတယ်။ ကျန်းမာစေဖို့ သစ်သီး(လိမ္မော်သီး၊ ငှက်ပျောသီး၊ ပန်းသီး စတာတွေ)၊ ဟင်းသီးဟင်းရွက် (မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲ စတာတွေ)၊ ငါး(တူနာ၊ ဆယ်လ်မွန် စတာတွေ)နဲ့ အဆီနည်းအသားတို့ကို စားသင့်ပါတယ်။

အဆင့် (၃) ကိုယ်အလေးချိန်ထိန်းပါ

ကိုယ်အလေးချိန်ကို BMI အတိုင်းအတာနဲ့အညီ ပုံမှန်အတိုင်းရှိအောင်ထားပါ။ ကိုယ်အလေးချိန်က ပိုများနေရင် ကိုယ်အလေးချိန် လျော့ကျစေဖို့ ကြိုးစားသင့်ပါတယ်။

အဆင့် (၄) သကြားစားသုံးမှုကို ကန့်သတ်ပါ

သကြားကို များများစားလေလေ၊ အရွယ်ကျစေလွယ်လေလေ ဖြစ်စေပါတယ်။ ဒါကြောင့် သကြားပါတဲ့ မုန့်ပဲသရေစာတွေကို အသင့်အတင့်ပဲ စားပါ။

အဆင့် (၅) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုချမှတ်ပြီး အဲဒီအတိုင်း ပုံမှန်လုပ်ဆောင်ပါ။

မှတ်သားရန်

• ကျောက်ကပ်ဝေဒနာတစ်ခုခု ခံစားရရင် ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

• လေ့ကျင့်ခန်း အတူလုပ်ဆောင်မယ့် မိတ်ဆွေတွေနဲ့ပေါင်းဖော်ပါ။

သတိပြုရန်

ဆေးဝါးတွေကို မသောက်သုံးခင် ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို မရပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Most Popular

Healthy Life Ad
To Top