Healthy Life Ad
Life Style

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နှုန်းလျော့ကျဖို့

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် (HealthyDiet) စားရင် နှလုံးရောဂါ ဖြစ်နိုင်ခြေက နည်းပါတယ်။

– စားသောက်သော အကျင့်
လူတစ်ယောက်ကသူ့ပင်ကိုအရ အဆီများတဲ့ အစာကြိုက်တယ်၊ ဥပမာဝက်သားဆိုရင် ဝက်ဆီကိုမှကြိုက်တယ်၊ အရက်သောက်တယ်၊ ဆေးလိပ်သောက်တယ်စသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်နေတယ်ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေပိုပြီး ရှိပါတယ်။

– သွေးတွင်း ကိုလက်စထရောအဆီများခြင်း
နဂိုကတည်းက သွေးတွင်းမကောင်းတဲ့ကို လက်စထရောများနေပြီး ထိန်းသိမ်းစောင့်ရှောက်မှုမလုပ်ရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေ မြင့်မားပါတယ်။

– အခြေခံ ရောဂါများ ရှိခြင်း
သွေးတိုးတာ၊ အဝလွန်တာ၊ ဆီးချိုရှိတာစတဲ့ အခြေခံရောဂါတွေရှိပြီး ထိန်းသိမ်းစောင့်ရှောက်မှု မလုပ်ရင် နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောရောဂါကို ကူးသွားတတ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို လိုက်နာတယ်ဆိုရင် ဆီးချိုရောဂါနဲ့ အရိုးပါးရောဂါအပြင် ကင်ဆာတချို့ကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေက ကျန်းမာရေးနဲ့အညီ မစားသောက်ခဲ့လို့ ဖြစ်တာပါ။ ဒီတော့ ရောဂါဖြစ်မှ ဒီလိုအစားအသောက်တွေကို ရှောင်ရမှာမဟုတ်ပါဘူး။ ရောဂါမဖြစ်ခင်ကတည်းကကြိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် တွေကိုစားခဲ့ရမှာ ဖြစ်ပါတယ်။

ငယ်ငယ်လေးကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပုံမှန်စားတယ်၊ နေထိုင်တဲ့ပုံစံကလည်း ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုရင် အသက်ကြီးလာတဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်ခြေမရှိဘူးလို့ ဆေးပညာရှင်တွေ လက်ခံထားကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top