Healthy Life Ad
Life Style

ရင်သားပြည့်ဖြိုးလှပချင်သူ မိန်းကလေးများအတွက်

၊ ငွေကြယ်စင်ယံ ၊

ရင်သားပြည့်ဖြိုးလှပစေဖို့အတွက် အမျိုးသမီးတွေဟာ အီစထရိုဂျင် အထွက်တိုးစေမယ့် အစားအသောက်တွေကိုစားပေးဖို့ လိုအပ်ပါတယ်။

– ပဲပိစပ်၊ ပဲပုပ်စေ့၊ ပဲနို့၊ တိုဟူးစတဲ့ ပဲပိစပ်နဲ့လုပ်ထားတဲ့ အစားအသောက်တွေမှာ သဘာဝအီ စထရိုဂျင် ပါဝင်တာကြောင့် စားပေးပါ။

– နို့နဲ့ နို့ထွက်ပစ္စည်းတွေကလည်း သဘာဝ အီစ ထရိုဂျင်ဓာတ်ပါဝင်နေတာကြောင့် မှီဝဲသင့်ပါတယ်။

– ဂျုံစေ့မှာ သဘာဝအီစထရိုဂျင်ဓာတ်ပါဝင်တဲ့ အတွက် သင့်ရင်သားအတွက်ကော ခန္ဓာကိုယ်တစ်ခု လုံးကျန်းမာရေးအတွက်ပါကောင်းမွန်ပါတယ်။ ဂျု စေ့လိုပဲစားသင့်တဲ့ အစေ့အဆန်တွေကတော့ နေ ကြာစေ့နဲ့ ရွှေဖရုံစေ့တို့ဖြစ်ကြပါတယ်။

– အုတ်ဂျုံ၊ ဆန်လုံးညိုစတဲ့ အခွံချွတ်မထားတဲ့ ကောက်နှံတို့ကို စားပေးပါ။

– ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ နနွင်း၊ ငရုတ်ကောင်း မှုန့်၊ တရုတ်နံနံစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ဟင်းလျာထဲမှာ ထည့်စားပေးပါ။

– ပဲနီစေ့၊ ပဲမည်း၊ ပဲနီလေး၊ကုလားပဲ စတဲ့ ပဲအမျိုး မျိုးဟာလည်း ရင်သားပြည့်ဖြိုးရေးအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။

– ပန်းသီး၊ မုန်လာဥနီ၊ သခွားသီး၊ သင်္ဘောသီး၊ ဆီး(ဇီး)သီး၊ စပျစ်သီး၊ အာလူးသီး၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ စွန်ပလွံသီး စတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တို့ကို စားပေးပါ။

– ရင်သားကျန်းမာရေးနဲ့ညီညွတ်တဲ့ သံလွင်ဆီ၊ ထောပတ်သီး၊ နှမ်းစေ့နဲ့ နှမ်းဆီ စတာတွေကိုလည်း စားပေးနိုင်ပါတယ်။ အဆင်သင့်အစာတွေကိုတတ် နိုင်သမျှ မစားပါနဲ့။

– ကဖင်းနဲ့ အယ်လ်ကိုဟောပါတဲ့ အရည်တွေကို အလွန်အကျွံမသောက်ပါနဲ့။ ရေများများသောက်ပါ။

– အားကစားကို အသင့်အတင့်ပြုလုပ်ပါ။ ကိရိယာလွတ်အားကစားလုပ်ရာမှာ နည်းလမ်းတကျ ပြုလုပ်မှသာရင်သားပြည့်ဖြိုးလှပရေးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top