Healthy Life Ad
Q & A

သားအိမ်ထုတ်ထားတဲ့အခါ . . .

မေး ။ သားအိမ်ထုတ်ထားတဲ့သူက သွေးဆုံးရင် ခံစားရတဲ့ ရောဂါလက္ခဏာတွေ ခံစားရသေးလားရှင်။
Daw Myat Noe Khin (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ သားအိမ်လည်း ထုတ်တယ်၊ သားဥအိမ် ဘယ်ရော ညာပါထုတ်ထားတယ်ဆိုရင် ရုတ်တရက်သွေးဆုံးလက္ခဏာ ခံစားရတတ်ပါတယ်။ သားအိမ်ကို အရင်က ထုတ်ထားပြီး သွေးဆုံးတဲ့အခါမှာ သွေးဆုံးကိုင်လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ သားအိမ်ရဲ့တာဝန်က ကလေးမွေးမယ်၊ သွေးဆင်းမယ် ဆိုတာပဲ ဖြစ်ပါတယ်။ သွေးဆုံးလက္ခဏာပေါ်တာတွေက သားဥအိမ်ကထုတ်တဲ့ ဟော်မုန်းတွေကြောင့် ဖြစ်တာပါ။ သားဥအိမ်က ထုတ်တဲ့ ဟော်မုန်းတွေ မရှိတော့ဘူးဆိုရင် သားအိမ်ရှိရှိ၊ မရှိရှိ အဲဒီသွေးဆုံးကိုင်လက္ခဏာတွေခံစားရမှာပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top