Healthy Life Ad
Life Style

ယခုရာသီတွင် နေကာမျက်မှန်တပ်ဆင်ရန် မမေ့လျော့သင့်သည့် အခြေအနေများ

၊ လရိပ်မေ ၊

နေပူရှိန်ကပြင်းပါတယ်။ ဒါကြောင့် နေပူရှိန်ဒဏ်ကြောင့် သင့်မျက်ဝန်းထိခိုက်မှုမရှိစေဖို့ နေကာမျက်မှန်တပ်ဆင်ဖို့လိုအပ်တဲ့ အခြေအနေတွေကို ဖော်ပြလိုက်ပါတယ်။

– မျက်ကပ်မှန်တပ်ဆင်ထားလျှင်

မျက်ကပ်မှန်အများစုက ခရမ်းလွန်ရောင်ခြည်ဘီကို ကာကွယ်ပေးတဲ့ နေကာမျက်မှန်ထက် နေရောင်ခြည်ကို ကာကွယ်နိုင်စွမ်းနည်းပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တပ်သူဖြစ်ရင်လည်း နေကာမျက်မှန်တပ်ပါ။

– ဦးထုပ်ဆောင်းထားလျှင်

အနားကျယ်တဲ့ ဦးထုပ်ကို ဆောင်းပေးတာက သင့်မျက်ဝန်းတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မကျရောက်စေဖို့ ၅၀ရာခိုင်နှုန်း ကာကွယ်ပေးပါတယ်။ ဦးထုပ်ဆောင်းတာနဲ့အတူ နေကာမျက်မှန်ကိုတပ်တာက အသက်အရွယ်ကြောင့်ဖြစ်တဲ့ မက်ကူလာယိုယွင်းပျက်စီးမှုကို ၅၀ ရာခိုင်နှုန်းလျော့ကျစေတယ်လို့ လူ၂၇၆၄ ဦးကို ၁၀နှစ်ကြာ လေ့လာမှုအရသိရပါတယ်။ ငါးဖမ်းသမားတွေကို လေ့လာမှုတစ်ရပ်အရ နေကာမျက်မှန်တပ်ပြီး အနားကျယ်တဲ့ဦးထုပ်ကိုဆောင်းတာက အတွင်းတိမ်ရောဂါဖြစ်နှုန်းကို သုံးပုံနှစ်ပုံခန့် လျော့ကျစေတယ်လို့ သိရပါတယ်။

– နေပူရှိန်မပြင်းသော နံနက်အစောပိုင်းနှင့် ညနေပိုင်းအချိန်ဖြစ်လျှင်

နံနက်ခင်းအချိန်နဲ့ ညနေပိုင်းအချိန်တွေမှာ နေကာမျက်မှန်မတပ်တာကြောင့် မျက်ဝန်းမှာ ခရမ်းလွန်ရောင်ခြည်ဘီထိတွေ့ခံရမှုဟာ နေ့လယ်ခင်း နေပူရှိန်ပြင်းတဲ့ အချိန်မှာလိုပဲ ထိခိုက်မှုရှိတယ်လို့ ဂျပန်လေ့လာသူတွေက ဆိုပါတယ်။ နံနက် ၉နာရီနဲ့ နေ့လယ် ၁၂ နာရီမှာ ခရမ်းလွန်ရောင်ခြည်ဘီ ဒဏ်ခံရမှုက နေ့လယ်မှာထက် နှစ်ဆပိုများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top