Healthy Life Ad
Life Style

ရုတ်တရက် အပူချိန်အပြောင်းအလဲမှာ ဘာသတိထားရမလဲ(Dramatic temperature change)

ဒေါက်တာတင့်ဆွေ

(၁)ဆရာ နေပူထဲကလာပြီး ချက်ချင်းမျက်နှာသစ်ရင် ချေထောက်ရေလောင်းရင် အပူရှပ်ပြီး သေတတ်တယ်တို့၊ သွေးကြောပြတ်ပြီး သေတတ်တယ်တို့ကြားဘူးပါတယ် ဟုတ်ပါသလား ဆရာ။

(၂) အပြင် အပူထဲကပြန်လာလို့ ရေခဲရေသောက်ရင် အပူရှပ်ပြီး သွေးကြောပြတ်သေတယ်လို့ သိထားတယ်။ အပူရှပ်တဲ့လူကို ရေအေးတွေ ရုတ်တရက် သုံးတော့ အန္တရာယ်မရှိနိုင်ဘူးလား။

ဘယ်အရာမဆို ရုတ်တရက်အပြောင်းအလဲ လုပ်တိုင်း ချောမွေ့မှုမရှိတတ်ပါ။ အပူချိန်သိပ်ပူရာကနေ သိပ်အေးတဲ့နေရာကို ရောက်တာနဲ့ လူ့ကိုယ်ခန္ခာကို သက်ရောက်မှုဖြစ်တာတွေကလဲ မခံနိုင်ဖြစ်သူတွေရှိတယ်။

သိပ်ပူတဲ့နေရာကနေ ပြန်ရောက်လို့ သိပ်အေးတာကိုသောက်တာ၊ စားတာ၊ ရေချိုးတာမှန်သမျှ မသင့်လှပါ။လူတိုင်းကို မဟုတ်ပေမဲ့ အပူချိန်ကွာလွန်းတာကို ရုတ်တရက် ထိတွေ့မိရင် ဆရာ့စာထဲမှာပါသလို Stomach cramps အစာအိမ်ကြွက်တက်တယ်လို့ ခေါ်တာမျိုး ဖြစ်စေနိုင်တယ်။

သွေးကြောကိုမေးတာမှာလဲ အတူပဲလို့မှတ်ယူနိုင်ပါတယ်။ တချို့ကို မကောင်းတာဖြစ်စေနိုင်ပါတယ်။အပြင်အပူထဲကနေ လေအေးစက်ပေးထားတဲ့ နေရာထဲဝင်လိုက်တာနဲ့ ပြောင်းပြီ။ အရေပြားသွေ့ခြောက်လာမယ်။ အရေပြားအပါးစားတွေဖြစ်တဲ့ မျက်စိ၊ နှုတ်ခမ်းတွေလဲ ခြောက်လာမယ်။ မျက်စိပိုးဝင်တာ၊ အသက်ရှူလမ်းပိုးဝင်တာနဲ့ ကြွက်သားကြွက်တက်တာတွေ ဖြစ်လာစေနိုင်တယ်။ ပန်းနာထသူ၊ လည်ချောင်းနာသူ၊ တုပ်ကွေးလိုဖြစ်သူ၊ ခေါင်းကိုက်၊ ကြွက်သားနာသူတွေများတယ်။

လေအေးပေးထားတဲ့နေရာဌာနတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ ဆရာဝန်တွေကနေ ၂၃-၂၅ ဒီဂရီစီမှာ ထားသင့်တယ်လို့ အကြံပေးပါတယ်။ ၁၉ ထိနည်းရင် ဆိုးနိုင်တာများတယ်။ တိတိကျကျ ပြောထားတာကတော့ ဗုဒ္ဓဟူးနေ့၊ မနက် ၁၁ နာရီအချိန် အခန်းတွင်းမှာ ၂၂့၅ ဒီဂရီစီ ထားသင့်တယ်လို့ဖြစ်ပါတယ်။အပူချိန်အပြောင်းအလဲမြန်လို့ အသစ်ရောဂါဖြစ်တာရှိသလို ရှိနေတဲ့ရောဂါကိုပါ ဆိုးစေတတ်သေးပါတယ်။ Coronary heart diseases နှလုံး သွေးကြောကျဉ်းရောဂါ၊ Vascular cardiac, Vascular brain diseases and Peripheral vascular diseases နှလုံး-ဦးနှောက်-ကိုယ်ဖျားပိုင်း သွေးကြောရောဂါတွေကို ဆိုးလာစေနိုင်တယ်။အသက် ၆၅ နှစ်ကျော်သူတွေ၊ သိပ်ငယ်တဲ့ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နှလုံး၊ သွေးတိုး၊ အဆုတ်၊ စိတ်ရောဂါ အခံရှိသူတွေက ပိုသတိထားရမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top