Healthy Life Ad
Health Tips

အစားလျှော့လွန်းခြင်းကြောင့် ခံတွင်းကျန်းမာရေး ထိခိုက်နိုင်

အစားလျှော့လွန်းတာနဲ့ အစားအသောက် ပျက်တာတွေလို စားနည်းပုံစံ မမှန်တာတွေက သွားနဲ့သွားဖုံးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီလို အာဟာရမပြည့်ဝတာကြောင့် ခံတွင်းမှာ အောက်ပါပြဿနာတွေ ဖြစ်တတ်ပါတယ်။

– သွားဖုံးကနေ သွေးထွက်လွယ်ပါတယ်။

– အကြာကြီး ခံတွင်းခြောက်နေတယ်။

– ခံတွင်းထဲက ဂလင်းတွေ ရောင်နေတယ်။

– သွားကြွေလွှာတွေ ထိခိုက်ပျက်စီးလွယ်တယ်။

– ပူတဲ့ ဒါမှမဟုတ် အေးတဲ့ အစားအသောက် တွေစားရင် သွားတွေ ကျဉ်နေတတ်တယ်။

– သွားတွေက အလွယ်တကူပဲ့နေတတ်ပါတယ်။ ခိုင်ခံမှုနည်းလာပါတယ်။

ဒီလို သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေ ကင်းဝေးစေဖို့ အစားအသောက်ကို မျှမျှတတနဲ့ အာဟာရအပြည့်ရအောင် စားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top