Healthy Life Ad
Child

ကလေးတို့၏ ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေမည့် သဘာဝအစာ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

စာသင်ကြားလေ့လာနေတဲ့ကလေးတွေရဲ့ ဦးနှောက်လုပ်ဆောင်မှုအတွက် လိုအပ်တဲ့စွမ်းအင်တွေကို အကောင်းဆုံးပေးစွမ်းနိုင်မယ့် အာဟာရတွေရှိပါတယ်။ ဒီအာဟာရတွေကိုပြည့်ဝအောင် စားပေးမှသာ ဦးနှောက်ဟာ အကောင်းဆုံးလုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ပြီး စာမေးပွဲတွေဖြေဆိုတိုင်း ထိပ်ဆုံးအဆင့်ကနေ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။

(၁) ပျားရည်

ဆယ်ကျော်သက်ကလေးတွေရဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေမယ့် အာဟာရတစ်မျိုးက ပျားရည်ဖြစ်ပါတယ်။ ပျားရည်မှာပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းတွေက ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းအားနဲ့ ဖန်တီးနိုင်စွမ်းအားတို့ကို လှုံ့ဆော်ပေးနိုင်တာကြောင့် အာရုံစူးစိုက်မှုကောင်းကာ ဖိစီးမှုတွေကင်းနေပါလိမ့်မယ်။ နံနက်စာစားပြီးချိန်မှာ ပျားရည်ထမင်းစားဇွန်းနှစ်ဇွန်းခန့် စားပေးတာက ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

(၂) တရုတ်နံနံပင်

တရုတ်နံနံမှာပါတဲ့ မရှိမဖြစ်ဆီနဲ့ အင်ဆူလင်နဲ့တူတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို အလွန်ကောင်းမွန်စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို ကာကွယ်ပေးနိုင်ပြီး စိတ်ဖိစီးမှုကိုပါလျှော့ချနိုင်လို့ပါ။

(၃) ငါး

ငါးနဲ့ပင်လယ်စာတွေက ဦးနှောက်အတွက် အလွန်ကောင်းတဲ့ အာဟာရတွေဖြစ်ပါတယ်။ ဒီအစား အစာတွေထဲမှာပါတဲ့ အမိုင်နိုအက်စစ်ဟာနိုးကြားစေတဲ့ ဟော်မုန်းတွေကိုတက်ကြွအောင် ကူညီပေးနိုင်လို့ပါ။ ငါးဟာဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကိုလည်း လှုံ့ဆော်နိုင်တာကြောင့် တစ်ပတ်မှာ အနည်းဆုံးသုံးကြိမ်ခန့် စားပေးသင့်ပါတယ်။

(၄) ပဲနို့

ပဲပိစပ်မှာပါတဲ့ လက်ဆီသင်နဲ့ ဗီတာမင် B1 တို့ က ဦးနှောက်ဆဲလ်တွေကြားဆက်သွယ်မှုကို ကောင်းမွန်စေတာကြောင့် သတင်းအချက်အလက်တွေကို မြန်မြန်ရောက်ရှိစေပါတယ်။ နေ့စဉ် ပဲနို့တစ်ဖန်ခွက် သောက်ပေးနိုင်ပါတယ်။

(၅) ငှက်ပျောသီး

ငှက်ပျောသီးဟာလည်း ဦးနှောက်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ဆီရိုတိုနင်က အာရုံစူးစိုက်နိုင်စွမ်းကိုကောင်းမွန်စေပြီး ပျော်ရွှင်မှုကိုပါဖြစ်ပေါ်စေပါတယ်။ တစ်နေ့ ငှက်ပျောသီးမှည့်တစ်လုံး၊ နှစ်လုံးလောက်စားပေးပါ။

(၆) ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် B6 ၊ သံဓာတ်နဲ့ ပိုတက်စီယမ်တို့ များစွာပါဝင်တာကြောင့် နာ့ဗ်ကြောထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ ထောပတ်သီးတစ်လုံးရဲ့ တစ်ဝက်ခန့်စားပေးသင့်ပါတယ်။

(၇) နာနတ်သီး

နာနတ်သီးမှာပါတဲ့ ထရစ်ပတိုဖန် အမိုင်နိုအက်စစ်ဟာ စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို တိုးတက်ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top