Healthy Life Ad
Health Tips

မှတ်ဉာဏ်ကောင်းမွန်စေရန် ဆရာဝန်တို့ အတည်ပြုထားသည့် နည်းလေးသွယ်

မီမိုး (ဆေးဝါးတက္ကသိုလ်)

မှတ်ဉာဏ်ဆိုတာ လူတွေနဲ့အတူ တွဲပါနေတဲ့ ဒိုင်ယာရီစာအုပ်ပဲဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ လေ့လာ သင်ယူထားတဲ့ အရာတွေရှိပါတယ်။ မှတ်ဉာဏ်ကောင်းမွန်စေတဲ့ သိပ္ပံနည်းကျလေ့လာမှုနည်းလမ်းတွေကို ဆရာဝန်တွေ အတည်ပြုထား၊ လက်ခံထားတဲ့အချက်တွေ ဖော်ပြပေးလိုက်ပါတယ်။

(၁) အေရိုးဗစ်လေ့ကျင့်ခန်း

လွန်ခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အသက် ၅၀ ကျော်အရွယ်တွေအနေနဲ့ အေရိုး ဗစ်လေ့ကျင့်ခန်းကို ခြောက်ပတ်ကြာ ပြုလုပ်ပြီးချိန်မှာ မှတ်ဉာဏ်သိသိသာသာ ကောင်းမွန်လာတယ်လို့ သိရပါတယ်။ “အေရိုးဗစ် လေ့ကျင့်ခန်းပြုလုပ်တာက ဦးနှောက်ရဲ့ အရှေ့ပိုင်းနေရာကို သွေးလှည့်ပတ်မှု ကောင်းစေတာကြောင့် မှတ်ဉာဏ်ကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါတယ်”လို့ အာရုံကြောသိပ္ပံ

ဂျာနယ်မှာ ဖော်ပြထားပါတယ်။

(၂) ဗိုက်အဆီ လျှော့ချခြင်း

ဝမ်းဗိုက်အဆီများတာက မေ့လျော့တာနဲ့ ဆက်စပ်နေတဲ့ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းဗိုက်အဆီတွေက အသည်းမှာ PPARalpha သိုလှောင်မှုကို ထိန်းချုပ်လွန်းတဲ့အခါ အသည်းဟာ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ PPARalpha ကို စတင် သိမ်းဆည်းထားလေ့ရှိပါတယ်။ အဲဒီအခါ ဒီပရိုတင်းဓာတ်တွေ deplete ဖြစ်ပြီး မှတ်သားနိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။

(၃) ဦးနှောက်ဂိမ်း ကစားခြင်း

လေ့လာမှုတွေအရ မှတ်ဉာဏ်ကို သုံးရတဲ့ဂိမ်းတွေက ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းနဲ့ ပြဿနာဖြေ ရှင်းနိုင်စွမ်းကို တိုးစေတယ်လို့ သိရပါတယ်။ ဒီဂိမ်း တွေက ဉာဏ်ပညာကိုတိုးစေတာ မဟုတ်ပါဘူး။ မှတ် ဉာဏ်စွမ်းရည်ကို ကောင်းစေတာဖြစ်ပါတယ်။ ဒီလို အရည်အချင်းရှိတာကြောင့် အရာရာကို ပြန်လည် မှတ်မိနိုင်စွမ်း ပိုမိုကောင်းမွန်မြန်ဆန်စေပါတယ်။

(၄) အရက် လျှော့သောက်ခြင်း

အာရုံကြောဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် အရက် သောက်တာကြောင့် မှတ်ဉာဏ်ကို ပိုမိုထိခိုက်စေတယ်လို့သိရပါတယ်။ တစ်နေ့ အရက်နှစ်ခွက်ခွဲကျော် သောက်တဲ့ သက်လတ်ပိုင်း အမျိုးသားတွေက အရက်အနည်းငယ်ပဲသောက်သူ အမျိုးသားတွေထက် ခြောက်နှစ်ကျော်အကြာမှာ မှတ်ဉာဏ်ကျဆင်းမှု လက္ခဏာတွေကို ပိုမို ပြလွယ်တယ်လို့ လေ့လာမှု မှတ်တမ်းတွေအရ

သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top