Healthy Life Ad
Life Style

နွေမှာဖြစ်တတ်တဲ့ အလှအပပြဿနာတွေကို ဘယ်လိုပြုပြင်ပေးနိုင်သလဲ

လရိပ်မေ

(၁) နေပူရှိန်ကြောင့် ထိခိုက်ခဲ့လျှင် အင်တီအောက်ဆီးဒင့် မှီဝဲသင့်ပါတယ် . .
နေကာနိုင်စွမ်း SPF အဆ ၃၀ပါတဲ့ နေကာခရင်မ်ကို နေ့စဉ်ပုံမှန်လိမ်းတဲ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုမဖြစ်စေဖို့ အင်တီအောက်ဆီးဒင့်ဖြည့်စွက်ဆေးက အသုံးဝင်ပါတယ်။ လေ့လာမှုအရ အင်တီအောက်ဆီးဒင့်ဟာ ခရမ်းလွန်ရောင်ခြည်အေနဲ့ ဆက်စပ်နေတဲ့ ဒီအင်န်အေထိခိုက်မှုကို လျော့ကျစေပြီး အရေးကြောင်းနဲ့ အညိုရောင်အစက်အပြောက်တွေကို လျော့ပါးစေတယ်လို့ သိရပါတယ်။ အကောင်းဆုံး ရလဒ်ရရှိဖို့ရာအတွက် နေပူထဲမထွက်ခင် တစ်ပတ်အလိုကတည်းက အင်တီအောက်ဆီးဒင့်ဖြည့် စွက်ဆေးကိုမှီဝဲထားပါ။ အကောင်းဆုံးကာကွယ် မှုကိုပေးနိုင်ပါတယ်။

(၂) ဆံပင်သား ကျိုးပြတ်ခဲ့လျှင် ဘိုင်အိုတင် မှီဝဲသင့်ပါတယ် . . .
ရေကူးတဲ့သူတွေနဲ့ ရေထဲ မကြာခဏနေတဲ့ သူတွေအနေနဲ့ ဆံသားပြတ်တောက်မှု မဖြစ်စေဖို့ တစ်နေ့ ဗီတာမင်ဘီ-ဘိုင်အိုတင်ကို ၂ ဒသမ ၅ မီလီဂရမ်မှီဝဲသင့်ပါတယ်။ ဒီဖြည့်စွက်ဆေးဟာ ဆားနဲ့ ကလိုရင်းအလွန်အမင်း ထိတွေ့မှုကြောင့် ဆံပင်သားကျိုးပြတ်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘိုင်အိုတင်ဟာ လက်သည်းကျိုးပြတ် မှုအန္တရာယ်ကိုလျော့ကျစေပြီး လက်သည်းထူထဲ သန်စွမ်းစေပါတယ်။

(၃) အရေပြားဆဲလ် ထိခိုက်ခဲ့လျှင် အင်တီအောက်ဆီးဒင့် မှီဝဲသင့်ပါတယ် . . .
ပိုမိုနုပျိုကြည့်ကောင်းတဲ့ အသားအရေအလှ ပိုင်ဆိုင်စေဖို့ အင်တီအောက်ဆီးဒင့်ကိုမှီဝဲပါ။ အင်တီအောက်ဆီးဒင့်ဟာ ထိခိုက်နေတဲ့နက်နဲတဲ့ အရေပြားအတွင်းလွှာထဲအထိ ရောက်ရှိပြီး အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

(၄) လက်သည်း၊ ခြေသည်း ကျိုးပဲ့လွယ်လျှင် အိုမီဂါ၃ ငါးအဆီ မှီဝဲသင့်ပါတယ် . . .
အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ လက်သည်း၊ ခြေသည်းကျန်းမာရေးအတွက် အရေးပါတဲ့ဓာတ်ပါ။ အိုမီဂါ ၃ပါဝင်တဲ့ သီဟိုဠ်စေ့၊ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါးတို့လို အဆီများတဲ့ ငါးကို စားပါ၊ ဒါမှမဟုတ် အိုမီဂါ ၃ ငါးအဆီ ၂-၃ ဂရမ်ကို နေ့စဉ်မှီဝဲသင့်ပါတယ်။

(၅) ဆံပင်ကျွတ်နှုန်း လျော့ကျလိုလျှင်သံဓာတ်နှင့် ဗီတာမင်စီ မှီဝဲသင့်ပါတယ် . . .
ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတစ်ခုက သွေးအားနည်းတာကြောင့်ပါ။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးနီဥအဆင့်လျော့ကျစေကာ ဆံပင်ကျွတ်စေနိုင်ပါတယ်။ သံဓာတ်နဲ့ဗီတာမင်စီကို တွဲဖက်မှီဝဲတာကြောင့် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူ အားကောင်းစေပြီး ဆံကေသာကိုသန်စွမ်းလှပစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top