Healthy Life Ad
Life Style

ခိုင်သဇင်ငုဝါ၏ ကျန်းမာလှပလူမှုဘဝ

– တစ်နေ့တာအတွက် အသားအရေထိန်းသိမ်းဖြစ်ပုံလေး ပြောပြပေးပါဦး။
ဆောင်းရာသီဆိုတော့ အသားအရေခြောက်တဲ့အတွက် လိုးရှင်းလိမ်းတယ်။ ရေများများသောက်တယ်။ တစ်ခါတလေ Spa သွားဖြစ်ပါတယ်။

– ခန္ဓာကိုယ်အလှအပအတွက်ရော ဘယ်လို ထိန်းသိမ်းဖြစ်ပါသလဲ။
ငုဝါက နဂိုကတည်းက ပိန်လို့ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အနေအထား ရောက်အောင်စားပါတယ်။ အဓိကက အသီးအရွက်ပိုစားတယ်။ အသားအရေလည်း လှအောင်ပေါ့။ Gym မဆော့ဖြစ်သေးဘူး။ ဆော့မယ် လုပ်လိုက် မအားလိုက်နဲ့မဆော့ဖြစ်သေးတာ။ Gym ဆော့ဖို့တော့ စီစဉ်ထားပါတယ်။

– ငုဝါမျက်နှာမှာ အကြိုက်ဆုံးက ဘယ်အစိတ်အပိုင်းဖြစ်မလဲ။
ငုဝါက နှာခေါင်းနဲ့မျက်လုံးကို အကြိုက်ဆုံးပါ။

– အခုနောက်ပိုင်း ခွဲစိတ်ပြုပြင်မှုတွေ လုပ်လာကြတဲ့အပေါ် ငုဝါရော ပြုပြင်ချင်တာရှိလား။
ခွဲစိတ်ရမှာကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မျက်နှာမှာ ပါပြီးသားအရာကို ထပ်ထည့်လိုက်ရင် ကောင်းတယ်ဆိုတာ မရှိနိုင်ဘူး။ တခဏတာတော့ လှနိုင်တယ်။ နှစ်တွေကြာလာရင် ကိုယ့်ခန္ဓာကိုယ်ထဲမှာ တခြားအရာတွေထည့်ထားတာက အဆင်မပြေနိုင်ဘူးထင်တယ်။ အဲဒါကြောင့် မကြိုက်ဘူး။

– ဘယ်လိုအစားအစာမျိုးကို စားရတာကြိုက်လဲ။
ချဉ်ချဉ်စပ်စပ်နဲ့ ယိုးဒယားအစားအစာတွေကိုကြိုက်တယ်။ အပြင်မှာ အမြဲသွားလာနေတော့ အပြင်စာတွေစားဖြစ်တာများတယ်။ အိမ်မှာတော့ တစ်ခါတလေမှ စားဖြစ်ပါတယ်။

– မိတ်ဆွေအပေါင်းအသင်းတွေအတွက် ကျန်းမာရေးအသိပေး စကားရော ပြောပေးဖြစ်လား။
ကြုံရင် ကြုံသလိုတော့ ပြောပေးဖြစ်တယ်။ သူတို့ကလည်း အစားအသောက်နဲ့ပတ်သက်တာမျိုး၊ အသားအရေနဲ့ ပတ်သက်တာမျိုးတွေ မေးတတ်ကြတယ်။ ကိုယ်သိသလောက်တော့ သူတို့ကိုပြန်မျှဝေဖြစ်ပါတယ်။

– လတ်တလောအနုပညာလှုပ်ရှားမှုတွေပြောပြပေးပါဦး။
ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေ ရိုက်ပေးဖြစ်တယ်။ ကိုယ်စောင့်နတ် ရုပ်ရှင်ကားကြီးလည်း ရိုက်ပြီးသွားပြီ။ သီချင်းဆိုတာလည်း ဝါသနာပါတော့ အောင်ရဲထိုက်နဲ့နှစ်ယောက် ပရိသတ်လက်ခံလားဆိုတာ သိရအောင် သီချင်းလေးလုပ်လိုက်တာ ပရိသတ်က အားပေးကြတဲ့အတွက် သီချင်းခွေလေးလုပ်ဖို့လည်း စိတ်ကူးရှိပါတယ်၊။

– အချစ်ရေးကရော . .
အေးဆေးပါပဲ။

– ပရိသတ်အတွက် ကျန်းမာရေးအကြံပေးစကားလည်း ပြောပေးပါဦး။
ကျန်းမာရေးက လူတစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေလုပ်နိုင်မှာပါ။ လူကျန်းမာဖို့ စိတ်ချမ်းသာ ဖို့လည်း လိုတယ်ပေါ့။ စိတ်ချမ်းသာမှလည်း လူကျန်းမာတာလေ။ ရာသီ ဥတုနဲ့ကိုက်ညီတဲ့ ရာသီစာလေးတွေ၊ အသီးအနှံလေးတွေလည်း စားပေးကြပါလို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top