Healthy Life Ad
Life Style

‘ဆောင်းတွင်းမှာ အသားအရေမခြောက်အောင် အလှဆီ ပုံမှန်လိမ်းဖြစ်တယ်’ ခိုင်သဇင်ယုဝါ

၊ လရိပ်မေ ၊

အနုပညာလောကမှာ ခိုင်သဇင်ယုဝါနဲ့ ခိုင်သဇင်ငုဝါဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ ပရိသတ်တွေ ချစ်ခင်လက်ခံမှု ရရှိထားသူ တွပါ။ ဒီတစ်ပတ်မှာ ခိုင်သဇင်ယုဝါရဲ့ ကျန်းမာရေးနဲ့ အလှအပစောင့်ရှောက်မှုအကြောင်း မျှဝေထားပါတယ်။

“တစ်နေ့တာ အသားအရေ ထိန်းသိမ်းရာမှာ လိုးရှင်းကတော့ ပုံမှန်လိမ်းဖြစ်ပါတယ်။ အခုဆောင်းတွင်းမှာလည်း ယုဝါ အသားအရေက အရမ်းခြောက်ပြီး အသားပပ်တာ မျိုးရှိတဲ့အတွက် အလှဆီကို ပုံမှန်မနက်-ည လိမ်းဖြစ်ပါတယ်။ နောက်ပြီး ယုဝါက Nivea စနိုးကို အမြဲလိမ်းပါတယ်။ ယုဝါက အသီးအရွက် များများစားတယ်။ ပြီးတော့ ကြိုက်တာလည်းပါတာပေါ့။ ခရမ်းချဉ်သီး၊ သခွားသီးတို့ အစားများတယ်။ နောက်ပြီး သစ်သီးဖျော်ရည် သောက်ဖြစ်ပါတယ်။ အိမ်မှာချက်စားရင်လည်း ဟင်းသီးဟင်းရွက် စားဖြစ်ပါတယ်။ နောက်တစ်ခုက ရေများများသောက်ပါတယ်။

ယုဝါ ခရီးသွားရင် အဓိက ဝမ်းပိတ်ဆေး ဆောင်သွားတယ်။ ယုဝါက အစားအသောက် အရမ်းစားတယ်။ အစားမှားရင် ဝမ်းလျှောတတ်တယ်၊ ပြီးတော့ ယုဝါသောက်နေကျ အားဆေးအမြဲတမ်းပါတယ်။ ယုဝါက လေးဘက်နာဖြစ်တတ်တဲ့အတွက် အကိုက်အခဲပျောက်ဆေးတွေ ယူသွားပါတယ်၊ ရာသီဥတုအေးရင် ကိုက်ခဲတာမျိုး ရှိတတ်တဲ့အတွက်ပါ။ ယုဝါက စိတ်ဖိစီးမှုဖြစ်လာရင် တစ်ယောက်တည်းနေတတ်တဲ့ အကျင့်ရှိတယ်။ ကိုယ့်အပူကို ဘယ်သူမှ မပြောပြချင်ဘူး။ မိသားစုကိစ္စဖြစ်ဖြစ်၊ အပြင်ကကိစ္စဖြစ်ဖြစ် တစ်ယောက်တည်းစဉ်းစားပြီး အေးအေးဆေးဆေး ဆုံးဖြတ်လေ့ရှိပါတယ်။

ပရိသတ်တွေကို ယုဝါပြောချင်တာကတော့ အစားအသောက်ကို ဂရုစိုက်ကြပါ၊ လူတစ်ယောက် ကျန်းမာရေး မကောင်းဖြစ်ရင် အစားအသောက် မဆင်ခြင်လို့ ဖြစ်တာများတဲ့အတွက် ဂရုစိုက်စေချင်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top