Healthy Life Ad
Health Tips

အပိုကိုယ်အလေးချိန် လျော့ကျစေမည့် အလွယ်နည်းများ

၊ ငွေကြယ်စင်ယံ ၊

– ပျားရည်ဟာ ကိုယ်အလေးချိန်လျော့ကျစေမယ့် အကောင်းဆုံးနည်းဖြစ်ပါတယ်။ ရေခပ်နွေးနွေးထဲမှာ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်မွှေပြီးသောက်ရင် အဝလွန်တာကို လျော့ကျစေပါတယ်။

– အဝလွန်တာကို တွန်းလှန်နိုင်ဖို့ တခြားအိမ်တွင်းနည်းက ဂေါ်ဖီထုပ်စားတာပဲဖြစ်ပါတယ်။

– နံနက်စောစောမှာ ခရမ်းချဉ်သီးမှည့်ကို သုံးလကြာပုံမှန်စားတာကြောင့် ကိုယ်အလေးချိန် လျော့ကျလာစေပါတယ်။

– ရေတစ်ခွက်ထဲမှာ သံပရာရည် လက်ဖက်ရည်ဇွန်း သုံးဇွန်းထည့်ပြီး ပျားရည်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ထည့်ကာ သောက်ပါ။ အနည်းဆုံးလေးလကြာ မှန်မှန်သောက်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

– လက်ဖက်စိမ်း လက်ဖက်ရည်သောက်တာကြောင့် အပိုအဆီတွေကို ကင်းစင်စေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

– ချင်း(ဂျင်း) အနည်းငယ်နဲ့ သံပရာရည် အနည်းငယ်တို့ထည့်ပြီး ဆူပွက်အောင်ကျိုပါ။ အဲဒီရေကို သောက်တာကြောင့် အစာကို အလွန်အမင်းစားသောက်တဲ့ အလေ့အထကို ထိန်းချုပ်နိုင်ကာ အဝလွန်မှုမဖြစ်အောင် ဟန့်တားပေးနိုင်ပါတယ်။

– ထမင်းနဲ့အတူ ပူစီနာရွက်ကို တွဲစားပေးတာ ကြောင့် အဝလွန်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

– ပုံမှန်မုန်လာဥနီဖျော်ရည်သောက်တာကြောင့် အဝလွန်တဲ့ပြဿနာကို လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top