Healthy Life Ad
Health Tips

ကင်ဆာကိုတွန်းလှန်ပေးမည့် အံ့အားသင့်စရာ နည်းလမ်း

၊ ငွေစင်ကြယ်ယံ ၊

သင့်ခန္ဓာကိုယ်တွင်းမှာ ကောင်းတဲ့ကိုလက်စထရော(HDL)တွေများများရှိနေတာက ကင်ဆာရောဂါ ကိုကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုအသစ်က ဆိုပါတယ်။

သွေးထဲမှာ ကောင်းတဲ့ကိုလက်စထရော(HDL) အဆင့်များတာဟာ နှလုံးရောဂါမဖြစ်အောင်ကာ ကွယ်ပေးနိုင်ကြောင်း သိခဲ့ပြီးဖြစ်သလို အခုအခါမှာတော့ သွေးတွင်းကိုလက်စထရော (HDL) အဆင့် လျော့ကျလေလေ၊ ကင်ဆာရောဂါဖြစ်နှုန်းလျော့နည်းလေလေပဲဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကောင်းတဲ့ကိုလက်စထရော (HDL)ဟာ ရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် ကျန်းမာရေး အန္တရာယ်တွေကိုပါ လျော့ကျစေတာဖြစ်ပါတယ်။ ကောင်းတဲ့ကိုလက်စထရောအဆင့်မြင့်တက်အောင် လုပ်သင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

-ပြေးတာ၊ လမ်းလျှောက်တာ၊ ကြိုးခုန်တာ စတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်ပေးပါ။

-ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းထားပေးပါ။

-သင်စားတဲ့အစားအစာထဲမှာ အိုမီဂါသရီးပါတဲ့ အစာကိုပါဝင်အောင်ထည့်စားပါ။ ငါးဟာ အကောင်းဆုံး အရင်းအမြစ်ဖြစ်တာကြောင့် ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးစတဲ့ ငါးတွေကို များများစားပေးပါ။

-အရက်သောက်တတ်သူဖြစ်ရင် အရက်ကို အလွန်အမင်းမသောက်ပါနဲ့။

-ဆေးလိပ်သောက်တတ်သူဖြစ်ရင် ဆေးလိပ်ကို ဖြတ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top