Healthy Life Ad
Life Style

လက်မောင်း သွယ်လျလှပစေမည့် လေ့ကျင့်ခန်း

၊ လရိပ်မေ ၊

လက်မောင်းကြီးသူ၊ လက်မောင်းတုတ်သူတွေ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။


လေ့ကျင့်ခန်း (၁)

– ပေါင်၊ ခြေသလုံးနဲ့ခြေထောက်ကို ချဲပြီးမတ်မတ်ရပ်ပါ။

– လက်ဖဝါးတွေကိုဖြန့်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပါ။

– အဲဒီအနေအထားနဲ့ လက်မောင်းတွေကို အပေါ်အောက် ဝိုက်ပြီးယမ်းပေးပါ။

– ဒီနည်းကို အကြိမ် ၂၀လောက် ခပ်မြန်မြန်လုပ်ဆောင်ပေးပါ။

– ပြီးရင် လက်မောင်းတွေကို ခန္ဓာကိုယ်ဘေးဘက်ချထားပြီး ၁၀-၁၅ စက္ကန့်လောက် အနားယူပါ။

– ဒီလေ့ကျင့်ခန်းကို ၈-၁၀ ကြိမ်ခန့် နားလိုက်၊ လုပ်လိုက် လုပ်ပေးပါ။


လေ့ကျင့်ခန်း (၂)

– ခြေထောက်တွေကို အနည်းငယ်ချဲပြီး မတ်မတ်ရပ်ပါ။

– လက်ဖဝါးကို လက်သီးဆုပ်အနေအထား ထားပါ။

– ခန္ဓာကိုယ်ဘေးဘက်မှာ လက်မောင်းတွေကို ဆန့်ထုတ်ရင်း လက်သီးဆုပ်တွေကို အပေါ်အောက် ဝှေ့ယမ်းပေးပါ။

– ပြီးရင် ၁၅ စက္ကန့်ခန့် အနားယူပါ။

– ဒီလေ့ကျင့်ခန်းကို နားလိုက်၊ ပြန်လုပ်လိုက်နဲ့ ၁၀-၁၅ ကြိမ်ပြုလုပ်ပေးပါ။


လေ့ကျင့်ခန်း (၃)

– ပေါင်နဲ့ ခြေသလုံးတွေကို အနည်းငယ်ချဲပြီး မတ်မတ်ရပ်ပါ။ ပြီးရင် ဒူးအနည်းငယ်ကွေးပြီး တင်ပါးကိုနောက်ပစ်ထားပါ။ ထိုင်ခုံတစ်ခုံပေါ်ထိုင်တဲ့ဟန်နဲ့ နေသင့်ပါတယ်။

– သင့်ရှေ့မှာ လက်မောင်းတွေကို ပုံမှာပြထားတဲ့အတိုင်း ဆန့်တန်းထုတ်လိုက်ပါ။ ပြီးရင် လက်မောင်းကို ပခုံးဆီဆွဲချလိုက်၊ ပြန်မြှောက်လိုက် လုပ်ပေးပါ။

– ဒီလှုပ်ရှားမှုကို အကြိမ် ၂၀ လုပ်ပါ။

– တစ်ဖန်မတ်မတ်ရပ်ပြီး လက်မောင်းတွေကို ဘေးချကာအနားယူပါ။

– နောက်ထပ် ၅-၁၀ ကြိမ်ခန့် ထပ်မံပြုလုပ်ပါ။


လေ့ကျင့်ခန်း (၄)

– ခြေထောက်တွေကို အနည်းငယ်ချဲပြီး မတ်မတ်ရပ်ပါ။

– ပြီးရင် လက်မောင်းတွေကို ဘေးဘက်ဆီသို့ ဆန့်တန်းထုတ်လိုက်ပါ။

– လက်သီးဆုပ်ပုံစံပြုလုပ်ကာ လက်တံတောင်ဆစ်ဆီဆွဲယူလိုက်၊ ရှေ့ဘက်ဆန့်ထုတ်လိုက်၊ နဂိုအတိုင်း ဆန့်တန်းထုတ်လိုက်လုပ်ဆောင်ပေးပါ။

– ခပ်မြန်မြန်အနေအထားနဲ့အကြိမ် ၂၀ ပြုလုပ်ပါ။

– ပြီးရင်လက်မောင်းတွေကို ခန္ဓာကိုယ်ဘေးချပြီး ၁၅ စက္ကန့်ခန့် အနားယူပါ။

– ဒီလေ့ကျင့်ခန်းကို နားလိုက်၊ ပြန်လုပ်လိုက်နဲ့ ၁၀-၁၅ ကြိမ် ထပ်မံပြုလုပ်ပေးပါ။


လေ့ကျင့်ခန်း (၅)

– ခြေထောက်တွေကို အနည်းငယ်ချဲပြီး မတ်မတ်ရပ်ပေးပါ။

– လက်မောင်းတွေကို ဘေးဘက်ဆန့်တန်းပြီး ခန္ဓာကိုယ်ရှေ့ကို အင်္ဂလိပ်အက္ခရာ X ပုံစံယှက်တန်းပါ။ ပြီးရင် ဘေးဘက်ဆန့်တန်းလိုက်၊ လက်နှစ်ဖက်ရှေ့မှာ ယှက်လိုက် မြန်မြန်လုပ်ရမှာပါ။ အကြိမ် ၂၀လုပ်ပါ။

– လက်မောင်းတွေကို ဘေးချပြီး ၁၀-၁၅ စက္ကန့်ခန့် အနားယူပါ။

– ဒီလေ့ကျင့်ခန်းကို ၁၀-၂၀ ကြိမ်ပြုလုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top