Healthy Life Ad
Health Tips

ဦးနှောက်ကို သက်ရောက်မှုရှိစေသည့် လေ့ကျင့်ခန်းများ

၊ လရိပ်မေ ၊

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာက အရင်ဆုံးဦးနှောက်ကိုသက်ရောက်မှုရှိပါတယ်။ ဒုတိယ သက်ရောက်မှုရှိမှာက သင့်ခန္ဓာကိုယ်ပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကိုမြင့်တက်စေပြီး စိတ်ကျရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– အားကစားစက်ဘီးစီးခြင်း
အားကစားစက်ဘီးစီးတာက စိတ်ဖိစီးမှုနဲ့ စိတ်မသက်မသာဖြစ်မှုကို တွန်းလှန်ပေးနိုင်တဲ့ အကောင်းဆုံး နည်းပါတယ်။

– ခပ်သွက်သွက်ပြေးခြင်း
ခပ်သွက်သွက်ပြေးတာက စိတ်ဖိစီးမှု၊ ပျင်းရိမှုနဲ့ နာတာရှည်မောပန်းနွမ်းနယ်မှုတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

– အလေးတုံးဖြင့် ဒိုက်ထိုးခြင်း
အလေးတုံးနဲ့ ဒိုက်ထိုးတာက သင်ယူလေ့လာနိုင်စွမ်းကို တိုးတက်စေပါတယ်။

– အလေးမ လေ့ကျင့်ခန်းလုပ်ခြင်း
အလေးမ လေ့ကျင့်ခန်းလုပ်တာက အာရုံစူးစိုက်နိုင်စွမ်းကို အားကောင်းစေပါတယ်။

– အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာကြောင့် တွေးခေါ်မြော်မြင်နိုင်စွမ်းကို ကောင်းမွန်စေပြီး ကိုယ့်ကိုယ်ကိုယ်လေးစားစိတ် ပိုရှိစေပါတယ်။

– ရေကူးခြင်း
ရေကူးတာကြောင့် နံနက်ခင်းမှာ ခွန်အားတိုးစေပြီး ညနေခင်းမှာ အာရုံကြောတွေကို အနားရစေပါတယ်။

– ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း
ပုံမှန် လေ့ကျင့်ခန်းလုပ်တာကြောင့် အိပ်မပျော်တဲ့ရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်။

– ကိုယ်လက်လှုပ်ရှားမှု
ဘယ်လို ကိုယ်လက်လှုပ်ရှားမှုမျိုးမဆို သင့်သွေးကြောထဲကို ပျော်ရွှင်စေတဲ့ဟော်မုန်းအထွက် တိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top