Healthy Life Ad
Life Style

အိမ်ထောင်ရေးအဆင်မပြေရင် ဘယ်လို ဝေဒနာတွေ ရတတ်သလဲ . . .

၊ ကိုထက် ၊

ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးကြောင့် ကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်သလိုပဲ အဆင်မပြေတဲ့အခါမှာ ကျန်းမာရေး ထိခိုက်မှုတွေလည်း ဖြစ်ရတတ်ပါတယ်။

(၁) ကိုယ်အလေးချိန်မြင့်တက်ခြင်း
၂၀၁၂ လေ့လာသုံးသပ်မှုအရ အိမ်ထောင်ပြု ပြီးတဲ့သူတွေက ကိုယ်အလေးချိန်တက်လာလေ့ရှိပြီး လင်မယားပြတ်စဲတဲ့အခါ ကိုယ်အလေးချိန်လျော့ကျ သွားလေ့ရှိတယ်လို့သိရပါတယ်။ ဒါပေမဲ့ တချို့အိမ် ထောင်သည်တွေဟာ တစ်ဦးနဲ့တစ်ဦး ပဋိပက္ခဖြစ်ပြီး ကတောက်ကဆတ်ဖြစ်တဲ့အခါ အစားအသောက်နဲ့ အိပ်စက်မှုဆိုင်ရာပြဿနာတို့ကိုဖြစ်စေနိုင်ပြီး ကိုယ်အလေးချိန် မြင့်တက်လာတတ်ပါတယ်။

(၂) စိတ်ဖိစီးမှုများခြင်း
အိမ်ထောင်ရေးသုခ မရရှိတဲ့သူတွေဟာ ငွေရေးကြေးရေးအခက်အခဲ၊ အိမ်မှုကိစ္စဆောင်ရွက်မှုနဲ့ သားသမီးအုပ်ထိန်းမှု စတဲ့ ကိစ္စအဝ၀မှာ ကြုံတွေ့လာတဲ့ စိတ်ဖိစီးမှုဒဏ်ကို မခံစားနိုင်ဘဲ စိတ်ဖိစီးမှုအ ဆင့်မြင့်တက်နေတတ်ပါတယ်။

(၃) ပူပင်သောကများခြင်း
အိမ်ထောင်သည်အများစုဟာ အကြောင်းအမျိုးမျိုးအပေါ် ပူပင်သောက များတတ်တာ သဘာဝပါ။ ဒါပေမဲ့ အိမ်ထောင်ရေးအဆင်ပြေချောမွေ့ရင် ပူပင်သောကကို ကျော်လွှားနိုင်ပေမယ့် အိမ်ထောင် ရေးအဆင်မပြေတဲ့သူတွေမှာ ပူပင်သောက ပိုများရတတ်ပါတယ်။

(၄) အိပ်စက်မှုဆိုင်ရာ ဝေဒနာများ
အိမ်ထောင်ဖက်က ဟောက်တာ၊ ဟိုဘက်ဒီဘက် စောင်းတာစတာတွေကြောင့် အအိပ်ဆတ်တဲ့သူဆိုရင် အိပ်ရေးပျက်တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေ့ဘက်မှာ နုံးချည့်ညောင်းညာတာနဲ့ ပင် ပန်းနွမ်းနယ်တာတို့ ခံစားရတတ်ပါတယ်။ လေ့လာမှုအရ အိမ်ထောင်ရေးပဋိပက္ခဖြစ်ပြီး လုံခြုံနွေးထွေး မှုမရှိတာကြောင့် အိပ်ရေးပျက်စေပြီး အိမ်ထောင်ရေး အခြေအနေကို ပိုဆိုးစေတယ်လို့ သိရပါတယ်။

(၅) စိတ်ဓာတ်ကျခြင်း
မအောင်မြင်တဲ့ အိမ်ထောင်ရေးကြောင့် စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ လေ့လာမှုတစ်ခုအရ စိတ်ကျဝေဒနာမျိုးရိုးရှိတဲ့ အမျိုးသမီးတွေက ခင်ပွန်းသည် သစ္စာမရှိရင် ဒါမှမဟုတ် အိမ်ထောင်ရေး ပြိုကွဲရင် စိတ်ကျရောဂါ ဖြစ်နိုင်ခြေ ခြောက်ဆ ပိုအဖြစ်များတယ်လို့ သိရပါတယ်။

(၆) အရက်သောက်ခြင်း
စုံတွဲ၆၀ဝကျော်ကို လေ့လာတဲ့ သုတေသနတစ်ခုအရ အရက်ကိုအလွန်အကျွံသောက်သုံးတဲ့ ခင် ပွန်းသည်တွေကြောင့် အိမ်ထောင်ရေးပြဿနာတွေ ဖြစ်ရကြောင်း သိရပါတယ်။

(၇) သွေးတိုးခြင်း
ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်သူတွေက မပျော်ရွှင်တဲ့ အိမ်ထောင်သည်တွေထက် သွေးဖိ အားကောင်းမွန်နေကြောင်း ဘရိုင်ဟမ်တက္ကသိုလ်ရဲ့ လေ့လာမှုအရသိရပါတယ်။ အိမ်ထောင်ရေးမှာ မပျော် ရွှင်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်းအထွက်များကာ နှလုံးခုန်နှုန်းပိုမြန်လာပါတယ်။

(၈) နှလုံးကျန်းမာရေး ထိခိုက်ခြင်း
ကိုယ်ချစ်ခင်တဲ့သူနဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲပြတ်စဲရတဲ့အခါ စိတ်ဖိစီးမှုများပြီး ခံ စားရတဲ့ဝေဒနာကို အသည်းကွဲတယ်လို့ တင်စားကြပါတယ်။ ဒီအချိန်မှာ နှလုံးရောဂါအမောဖောက်နိုင် ခြေလည်း မြင့်တက်ရတတ်ပါတယ်။

(Ref;Health)

Most Popular

Healthy Life Ad
To Top