Healthy Life Ad
Q & A

အအေးမိပြီးတိုင်း ချောင်းဆိုးနေတယ် . . .

မေး။ ။ ကျွန်မက အအေးမိပြီးတိုင်း ချောင်းဆိုးကျန်ခဲ့ပါတယ်။ တခြားသူတွေက မဖြစ်ကြဘူး။ အဲဒါ အားနည်းလို့လား၊ အအေးမိ၊ ချောင်းဆိုးမဖြစ်အောင် ဘယ်လိုအစားအသောက်တွေစားပေးသင့်ပါသလဲ။
သဲနွေး (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။များသောအားဖြင့် ချောင်းဆိုးတဲ့သူတွေက တစ်လလောက်အထိ ကြာတတ်ပါတယ်။ ကိုယ်ခံအား ကျတဲ့အခါမှာဆိုရင် ချောင်းဆိုးတာက ပိုကြာတတ်ပါတယ်။ ချောင်းမဆိုးအောင် အရည်ရွှမ်းတဲ့ သစ်သီးတွေကို များများစားပေးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင်စီများတဲ့ အစားအသောက်တွေ၊ သလဲသီးကို စားပေးပါ။ သလဲသီးက အဆုတ်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်၊ ချောင်းဆိုး သက်သာစေပါတယ်။ အရွက်တွေထဲမှာဆိုရင် ကင်ပွန်းချဉ်ရွက်က ချောင်းဆိုးသက်သာစေပါတယ်။ ချောင်းစဆိုးပြီဆိုကတည်းက ကင်ပွန်းချဉ်ရွက်ဟင်း ရည်ကို များများသောက်ပေးပါ။ ဒါဆိုရင် ချောင်းဆိုးတာကို အများကြီး သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top