Healthy Life Ad
Q & A

ကိုယ်ဝန်ရှိစဉ် ချောင်းဆိုးခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ကိုယ်ဝန်ခြောက်လကျော်ပါပြီ။ ချောင်းဆိုးတာတစ်ပတ်ကျော်နေလို့ ဘာဆေးသောက်ရမလဲ သိချင်လို့ပါ။

Thein Htike San(FB)

A. ဒီရာသီမှာတော့ အေးလာတယ်၊ အမှုန်အမွှား ဖုန်ထူတယ် . . ဒါတွေကြောင့် ချောင်းဆိုးတဲ့လူနာတွေ သိပ်ကိုများလာတာ တွေ့ရပါတယ်။ ချောင်းဆိုးတယ်ဆိုရင် အအေးမိမခံနဲ့၊ ရေခဲရေအေးအေးရှောင်ပြီး ရေနွေးသောက်ပေးပါလို့ အကြမ်းမျဉ်းမှာရပါတယ်။ နောက်တစ်ခုက ပဋိဇီဝပိုးသတ်ဆေးကို လည်ချောင်းနာတာ၊ သလိပ်ထွက်တာ၊ ဖျားတာတို့နဲ့တွဲမှ လိုလာနိုင်တယ်။ ချောင်းဆိုးရုံသက်သက်ပဲဆိုရင် ကိုယ်ခံအားစနစ်ကောင်းဖို့ ဗီတာမင်စီပါတဲ့ အစားအသောက်တွေကို စားသောက်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတချို့နဲ့ မတည့်တဲ့အတွက် ကိုယ်ခံအားကောင်းအောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာသင့်ပါတယ်။ ချောင်းဆိုးတာကြောင့် အိပ်ရေးပါပျက်နေရင်၊ နေလို့ထိုင်လို့ခက်နေရင် ချောင်းဆိုးပျောက်ငုံဆေးလေး ငုံထားသင့်ပါတယ်။ အာခေါင်က အေးရင်၊ ခြောက်ရင် ချောင်းဆိုးတယ်၊ နွေးရင်၊ စိုရင် ချောင်းဆိုး သက်သာတယ်။ ဒါကြောင့် နှာခေါင်းပိတ်တယ်၊ ပါးစပ်နဲ့ အသက်ရှူရတယ်၊ အာခေါင်ခြောက်နေတယ်ဆိုရင် ချောင်းဆိုးနိုင်ခြေများတယ်။ ဒါကြောင့် ရေနွေးသောက်ပြီး ဗီတာမင်စီပါတဲ့ အစားအသောက်တွေကို စားပေးရပါမယ်။ အမှုန်အမွှား၊ အငွေ့စတဲ့ ချောင်းဆိုးစေတဲ့ အကြောင်းတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေသလားရှာကြည့်ပြီး ဆင်ခြင်ရပါမယ်။

Most Popular

Healthy Life Ad
To Top