Healthy Life Ad
Health Tips

အအေးမိနေလျှင်….

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အခုချိန်မှာ အအေးမိဝေဒနာ အဖြစ်များနေကြပါတယ်။ အအေးမိတဲ့အခါ ကိုယ်ခံအားစနစ် အားနည်းသူတွေဟာ ပြန်လည်နေကောင်းဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် လက်ကိုမကြာခဏ ဆေးကြောသင့်ပါတယ်။ အအေးမိဖျားနာတဲ့အခါမှာ အမြန်ဆုံးသက်သာစေဖို့ လိုက်နာသင့်တဲ့ အိမ်တွင်းကုထုံးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-60799
သဘာဝဆေး (၁) ပရုတ်ဆီ

အအေးမိတဲ့အခါ ပရုတ်ဆီကို ရင်ဘတ်နဲ့လည်ပင်းတဝိုက်မှာ ခပ်ပါးပါး ပွတ်လိမ်းပေးပါ။ ပရုတ်ဆီမှာပါတဲ့ မန်သော်အနံ့က နှာခေါင်းကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲဝင်ပြီး အအေးမိဝေဒနာ သက်သာစေပါတယ်။ အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

alignnone size-medium wp-image-60800
သဘာဝဆေး (၂) ချင်း(ဂျင်း)ရေနွေးကြမ်း

ချင်း(ဂျင်း)ရေနွေးကြမ်းက အသက်ရှူလမ်းကြောင်းဝေဒနာကို သက်သာစေပါတယ်။ ချင်း(ဂျင်း)လက်တစ်ဆစ်စာပမာဏကို ထောင်းပြီး ရေနွေးပူပူထဲထည့်ကာ မိနစ်အနည်းငယ်ကြာမှ သောက်ပေးပါ။ ချင်းရေနွေးကြမ်းထဲကို ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်း ဒါမှမဟုတ် သံပုရာရည် လက်ဖက်စားဇွန်းတစ်ဇွန်း ထည့်သောက်ပေးရင် အရသာပိုကောင်းစေပါတယ်။

alignnone size-medium wp-image-60801
သဘာဝဆေး (၃) ရေနွေးငွေ့

ရေနွေးကို ဇလုံတစ်ခုထဲထည့်ပြီး ဦးခေါင်းပေါ် မှာ တဘက်စနဲ့အုပ်ကာ ရေနွေးငွေ့ရှူပေးပါ။ ဒါဆိုရင် အအေးမိဝေဒနာ လက္ခဏာတွေကို သက်သာလျော့ပါးစေမှာ ဖြစ်ပါတယ်။ ရေနွေးထဲ ပင်စိမ်းဆီနဲ့ ချင်း(ဂျင်း)ထောင်းအနည်းငယ်ထည့်ပြီး ရှူရှိုက်ပေးရင် ပိုကောင်းပါတယ်။

alignnone size-medium wp-image-60802
သဘာဝဆေး (၄) ကြက်စွပ်ပြုတ်

ကြက်စွပ်ပြုတ်မှာပါတဲ့ ပရိုတင်းဓာတ်က ကိုယ်ခံအားစနစ်ကို မြင့်တက်စေပြီး အအေးမိဝေဒနာကို ပြန်လည်သက်သာနိုင်ခြေ မြန်စေပါတယ်။

alignnone size-medium wp-image-60803
သဘာဝဆေး (၅) ကြက်သွန်ဖြူ

တစ်နေ့တာအတွင်း ကြက်သွန်ဖြူများများ စားပေးရင် ဗိုင်းရပ်စ်တားအစွမ်းရှိတာကြောင့် အအေးမိဝေဒနာကို သက်သာစေပါတယ်။ ကြက်သွန်ဖြူမှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိကာ အသက်ရှူလမ်းကြောင်းပွင့်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top