Healthy Life Ad
Q & A

အပြင်စာ စားတိုင်း ဗိုက်မနာချင် . . .

မေး. အပြင်စာစားတိုင်း ဗိုက်နာတယ်။ ဘာကြောင့်ပါလဲ။ အူလမ်းကြောင်း အကျိုးပြုအစာတွေ၊ ဆေးတွေ စားဖို့လိုနေပြီလား။
ပတ္တမြား (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အပြင်စာစားတိုင်း ဗိုက်နာရတာက ကိုယ့်ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့အကျိုးပြု ဘက်တီးရီးယားပိုးတွေမရှိလို့ပါ။ ကောင်းတဲ့ပိုးတွေရအောင် အကျိုးပြုဘက်တီးရီးယားတွေ (Probiotics) ရှိနေရင် များသောအားဖြင့် ဗိုက်မနာတတ်ပါဘူး။ အပြင်စာမှာ အီးကိုလိုင်ပိုးတွေပါနေရင်၊ မသန့်ရှင်းရင်လည်း ဗိုက်နာတတ်ပါတယ်။ အဲဒီတော့ အူလမ်းကြောင်း ကျန်းမာစေဖို့ ငှက်ပျောသီးစားပေးရပါမယ်။ ငှက်ပျောသီးစားပေးရင် အကျိုးပြုဘက်တီးရီးယားတွေ တိုးပွားလာမှာဖြစ်ပါတယ်။ ဒိန်ချဉ်စားရင်လည်း အကျိုးပြုဘက်တီးရီးယားတွေ တိုးပွားလာပါလိမ့်မယ်။ အဲဒီလိုနည်းနဲ့ ကိုယ်ရဲ့အူလမ်းကြောင်းကို ကျန်းမာအောင်ကျင့်ပေးပါ။ ဒါဆိုရင် တော်ရုံတန်ရုံ အပြင်စာတွေစားလိုက်ရင် ဗိုက်နာတော့မှာ မဟုတ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top