Healthy Life Ad
Health Tips

စောင်းလျားသီး စားရင် ဘာကောင်းကျိုး ရနိုင်သလဲ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အရှေ့တောင်အာရှနိုင်ငံအနှံ့ ပေါက်ရောက်တဲ့ စောင်းလျာသီးကို အစာစားချင်စိတ် ဖြစ်ပေါ်စေတဲ့ အရာလို့ တင်စားခေါ်ဆိုကြပါတယ်။ ဘာကြောင့် စောင်းလျားသီးစားသင့်သလဲဆိုတာရဲ့ အဖြေကို သိလိုသူတွေအတွက် စောင်းလျားသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်အလေးချိန် ထိန်းပေးနိုင်ခြင်း
ချိုလည်းချို၊ ချဉ်လည်း ချဉ်တဲ့ အရသာရှိတဲ့ စောင်းလျားသီးတစ်လုံးမှာ ကယ်လိုရီ ၃၃နဲ့ အဆီ ဝ ဒသမ ၄၈ ရမ်ထက်မပိုပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် အဆင်ပြေတဲ့ အစာပါ။

(၂) ရေကျောက်လက္ခဏာ သက်သာစေခြင်း
စောင်းလျားရွက်နဲ့ အမြစ်တွေကိုပြုတ်ပြီး ရလာတဲ့ အနှစ်ရည် (Juice)လိမ်းပေးတာဟာကလေးတွေမှာ ဖြစ်တတ်တဲ့ ရေကျောက်ရောဂါနဲ့ ဝက်သက်တို့ရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

(၃) အရေပြား ကျန်းမာစေခြင်း
စောင်းလျားရွက်တွေဟာ အရေပြား ယားယံတာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေကို သက်သာစေပြီး သွေးထွက်တဲ့ ပြဿနာကို ရပ်တန့်စေနိုင်ပါတယ်။

(၄) ဝမ်းမှန်မှန် သွားစေခြင်း
စောင်းလျားသီးမှာ အမျှင်ဓာတ်ပါဝင်မှုမြင့်မားတာကြောင့် အစာခြေစနစ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီးဝမ်းချုပ်တဲ့ပြဿနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၅) သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း
စောင်းလျားသီးမှာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားတာကြောင့် ကြွက်တက်တာ မဖြစ်အောင် ကာကွယ်ပေးကာ ကြွက်သားတစ်သျှူးတွေထဲမှာ သွေးလှည့်ပတ်မှုကောင်းစေပါတယ်။

(၆) အူလမ်းကြောင်း ကျန်းမာစေခြင်း
စောင်းလျားသီးမှာ တန်နင် (Tannin) မြင့်မားစွာ ပါဝင်တာကြောင့် ဝမ်းလျှောတာကို ကုသပေးနိုင်သလို အူလုပ်ငန်းဆိုင်ရာ ပြဿနာတွေကိုလည်း ထိန်းညှိပေးပါတယ်။

(၇) အာဟာရတန်ဖိုးရှိခြင်း
စောင်းလျားသီးမှာ ကိုလက်စထရောနဲ့ အဆီမပါဝင်ပါဘူး။ ကျန်းမာရေးအတွက် သင့်တော်တဲ့ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ အများအပြား ပါဝင်နေပါတယ်။

(၈) လည်ချောင်းနာခြင်းနှင့် အရက်နာကျခြင်းတို့ သက်သာစေခြင်း
ရင်အေးစေတဲ့ အစာအဖြစ် တရုတ်လူမျိုးတွေက ယုံကြည်ထားကြပြီး လည်ချောင်းနာတာနဲ့အရက် နာကျတာတွေကို သက်သာစေတယ်လို့ ယူဆထားပါတယ်။

(၉) မိခင်နို့ချို အထွက်များခြင်း
နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေမှာ စောင်းလျားသီးကိုစားပေးရင် နို့ထွက်နှုန်း များစေတယ်လို့ ယူဆ ထားကြပါတယ်။

(၁၀) နှလုံးသွေးကြော ကျန်းမာစေခြင်း
စောင်းလျားသီးမှာ အစွမ်းထက်အင်တီအောက် ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ပိုလီဖီနော ပါဝင်မှုများတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောင်ရမ်းမှုကိုလျော့ ကျစေပါတယ်။

သတိပြုရန်
စောင်းလျားသီးမှာပါတဲ့ အောက်ဇဲလ်လစ် အက်စစ်ပါဝင်တာကြောင့် ကျောက်ကပ်ရောဂါရှိသူ၊ ဆီးကျောက်တည်တဲ့သူ၊ ကျောက်ကပ်ဆေးနေရတဲ့ သူတွေနဲ့ မသင့်တော်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top