Healthy Life Ad
Life Style

ဆံပင်သား အရောင်လင်းလက်စေမည့် သဘာဝပစ္စည်း ရှစ်မျိုး

၊ ငွေကြယ်စင်ယံ ၊

ပင်ကိုဆံပင်ပဲဖြစ်ဖြစ်၊ အရောင်ဆိုးထားတဲ့ ဆံပင်ပဲဖြစ်ဖြစ် ဆံပင်သားကို ပုံမှန်ထက် ပိုတောက်ပလာဖို့ ထိန်းသိမ်းနိုင်တဲ့ သဘာဝနည်းတွေ ရှိပါတယ်။

(၁) သံပရိုရည်
သံပရိုရည်မှာ သဘာဝကြေးချွတ်အစွမ်း ရှိပါတယ်။ သံပရိုရည်မှာပါတဲ့ စစ်ထရစ်အက်ဆစ်ဟာ ဆံချည်မျှင်အိတ်တွေကို ပွင့်စေပြီး နေဒဏ်ကြောင့် ဆံပင်အရောင်လွင့်ပြယ်တာကို သက်သာစေပါတယ်။ သံပရိုရည်တစ်ဆ၊ ရေသုံးဆရောပြီး ဆံပင်ဖျန်းတဲ့ စပရေးဘူးထဲထည့်ပါ။ ပြီးရင် အပြင်မထွက်ခင် ဆံပင်ပေါ် ပက်ဖျန်းပေးရပါမယ်။

(၂) ဆော်ဒါမှုန့်
ဆော်ဒါမှုန့်ဟာ ဆံပင်သားမှာ ကပ်ညိနေတဲ့ ဓာတုပစ္စည်းတွေကို ကင်းစင်စေပါတယ်။ ပြုလုပ်နည်းမှာ ဆော်ဒါမှုန့်ခွက်တစ်ဝက်ထဲ ရေထည့်ပြီး စေးပျစ်အောင်ဖျော်ပါ။ ခပ်ပျစ်ပျစ်ဆိုမှ ဆံပင်သားမှာ သုတ်လိမ်းပြီး ခပ်မြန်မြန်ခြောက်သွေ့သွားမှာပါ။ လိမ်းပြီး အချိန် ၁၅-၂၀ မိနစ်ကြာမှ ရေနဲ့ဆေးလိုက်ပါ။

(၃) ပျားရည်
ပျားရည်မှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် အနည်းငယ်ပါတဲ့အတွက် ဆံပင်သားကို ထိထိရောက်ရောက် ကြေးချွတ်ပေးနိုင်သလို ဆံပင်သားကို အစို ဓာတ်ထိန်းပေးနိုင်ပါတယ်။ ပျားရည်ထဲ ရှလကာရည် နည်းနည်း၊ ရေနည်းနည်းထည့်မွှေကာ ဆံပင်သားပေါ် လိမ်းပေးပါ၊ ပြီးမှ ရေနဲ့ ဆေးကြောလိုက်ပါ။

(၄) သစ်ကြံပိုးခေါက်မှုန့်
သစ်ကြံပိုးခေါက်မှုန့်ကို ဆံပင်ကွန်ဒီရှင်နာလက် တစ်ဆုပ်စာထဲထည့်ပြီး ဆံပင်သားအနှံ့ လိမ်းပါ။ ပြီးရင် ခေါင်းစွပ် (Shower cap) စွပ်ကာ ဖြစ်နိုင်ရင် တစ်ညတာထားပါ။ မနက်အိပ်ရာထမှ ရှမ်ပူနဲ့ ခေါင်း လျှော်လိုက်ပါ။

(၅) ဘီယာ
ဘီယာက ဆံပင်သားကို အရောင်လင်းလက် စေရုံသာမက ထိခိုက်နေတဲ့ ဆံကေသာကို ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ ဘီယာနဲ့ ဆံပင်ကို ဆွတ်ပေးပြီးမှ ခေါင်းလျှော်ပါ။

(၆) ဆား
ဆားတစ်ဆ၊ ရေငါးဆရောပြီး ဆံပင်သားကို အဲဒီရေနဲ့ သုတ်ပေးပါ။ အနည်းဆုံး ၁၅ မိနစ်ကြာမှ ခေါင်းလျှော်သလို ရေဆေးချလိုက်ပါ။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top