Healthy Life Ad
Health Tips

ခန္ဓာကိုယ် ထိန်းချုပ်နိုင်သည့် လက်ဖဝါး ဖိနှိပ်ရာနေရာများ

၊ ကိုထက် ၊

လက်မှာရှိတဲ့ အမှတ်နေရာတွေက ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ၊ ကြွက်သားတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ လက်ဖဝါး ဖိနှိပ်ရာနေရာတွေကို နှိပ်ပေးလိုက်တဲ့အခါ အာရုံကြောစနစ်ကတစ်ဆင့် ဦးနှောက်ဆီသို့ အချက်ပြသင်္ကေတ ပေးပို့ပါတယ်။ အဲဒီအတွက် ဝေဒနာတွေ သက်သာပြီး နာကျင်ကိုက်ခဲမှု ပြေလျော့ရတာ ဖြစ်ပါတယ်။


– အစာကြေစေမည့် နှိပ်နည်း
လက်ဖဝါးအလယ်နေရာကို ဖိနှိပ်ပေးတာကြောင့် အစာကြေစေနိုင်ပါတယ်၊ ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။


– ဦးနှောက်နှင့် မျက်စိကျန်းမာစေမည့်နှိပ်နည်း
လက်မထိပ်ကို ပုံပါအတိုင်း ဖိနှိပ်ပေးတာကြောင့် ဦးနှောက်နဲ့ မျက်စိကျန်းမာကာ ကြည်လင်စေပါတယ်။


– ကျောက်ကပ်ကျန်းမာစေမည့်နှိပ်နည်း
လက်မအောက်ခြေရှိ အသားစိုင်နေရာကို ဖိနှိပ်ပေးတာကြောင့် ကျောက်ကပ်ကို ကျန်းမာစေပါတယ်။


– ပခုံးတောင့်တင်းတာ သက်သာစေမည့်နှိပ်နည်း
လက်သန်းအလယ်နေရာကို နှိပ်ပေးတာကြောင့် ပခုံးတောင့်တင်းနာကျင်မှု သက်သာစေပါတယ်။


– နှလုံးနှင့် အဆုတ်ကျန်းမာစေမည့် နှိပ်နည်း
လက်သူကြွယ်နဲ့ လက်သန်းအောက် အသားစိုင်နေရာကို ဖိနှိပ်ပေးတာကြောင့် နှလုံးနဲ့ အဆုတ်ကို ကျန်းမာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top