Healthy Life Ad
Health Tips

အိမ်တွင်းကုထုံးဖြင့် သက်သာနိုင်မည့် ဝေဒနာသုံးမျိုး

စူး (ဆေးဝါးတက္ကသိုလ်)

(၁) မှက္ခရုပေါက်ခြင်း

အသားနှင့် ဟင်းသီးဟင်းရွက်နှစ်မျိုးကို သုံးပါ

သံဓာတ်ပမာဏ လျော့နည်းတာက မှက္ခရုတာရှည်ဖြစ်စေတဲ့ အခြေခံအကြောင်းရင်းတစ်ခုပါ။ ရောဂါပိုးကို တွန်းလှန်ပေးတဲ့ သွေးဖြူဥတွေက သံဓာတ်လိုအပ်ပါတယ်။ ဒါမှသာ မှိုပိုးတွေကို ဖျက်ဆီးပစ်မယ့်ဓာတ်တွေကို ထုတ်ပေးနိုင်မှာ ဖြစ်လို့ပါ။ သံဓာတ်အဆင့်က သွေးအားနည်းရောဂါဖြစ်လောက်အောင် လျော့နည်းလွန်းနေရင် အသားနဲ့အရွက်ကို များများစားပေးဖို့ လိုအပ်နေပါပြီ။

ဘယ်လို သုံးရမလဲ

သံဓာတ်ပါဝင်မှု အများဆုံးအစာက အနီရောင်အသားပါ။ ဒါ့အပြင် ဟင်းနုနယ်ရွက်လို အစိမ်းရောင်ဟင်းရွက်တွေမှာလည်း သံဓာတ်များများ ပါဝင်ပါတယ်။ ဒီအစာတွေကို လိမ္မော်ရည်လို ဗီတာမင်စီများတဲ့အရည်နဲ့ တွဲဖက်စားသောက်ပေးရင် ခန္ဓာကိုယ်က သံဓာတ်ကို ကောင်းကောင်းစုပ်ယူနိုင်ပါလိမ့်မယ်။

(၂) ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း

အစိမ်းရောင်ဟင်းရွက်ကို သုံးပါ

ရာသီလာစဉ် ပြင်းထန်တဲ့နာကျင်ကိုက်ခဲမှုနဲ့ ရာသီအကြိုဝေဒနာခံစားရတဲ့ အမျိုးသမီးတွေက အီစထရိုဂျင်ဟော်မုန်းအဆင့် မြင့်တက်နေပုံရပါတယ်။ ဒါကိုလျော့ကျစေဖို့ အစားအသောက် စားသောက်မှုပုံစံကို လျှော့ချပေးရပါမယ်။ မဂ္ဂနီဆီယမ်များများပါတဲ့ အစာတွေကိုစားတာက ရာသီလာစဉ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေပါတယ်။ မဂ္ဂနီဆီယမ်က ကြွက်သားရဲ့လုပ်ငန်းတွေ ကျန်းမာဖို့အတွက် အရေးကြီးတာကြောင့် မဂ္ဂနီဆီယမ်ချို့တဲ့နေရင် ရာသီအကြိုဗိုက်အောင့်တဲ့ ဝေဒနာခံစားရနိုင်ပါတယ်။

ဘယ်လို သုံးရမလဲ

နေ့စဉ် အစိမ်းရောင်ဟင်းရွက်များများနဲ့ အခွံမာအစေ့အဆန် လက်တစ်ဆုပ်စာတို့ကို စားပေးပါ။ ရာသီလာချိန်ကို စောင့်ဆိုင်းနေဖို့မလိုဘဲ နေ့စဉ်စားပေးလိုက်ရင် ရာသီအကြိုဝေဒနာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို လျှော့ချပြီး အိုမီဂါ ၃ ပါဝင်မှုများတဲ့ ငါးအဆီကို စားရပါမယ်။

(၃) စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း

ဟင်းခတ်အမွှေးအကြိုင် ခတ်ထားသော ဟင်းလျာကိုသုံးပါ

ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးကြတဲ့ နနွင်း၊ ဇီရာစေ့၊ အရောင်တင်မှုန့်(ငရုတ်မှုန့်)တွေမှာ ဆလီးစလစ်အက်စစ် ပါဝင်ပါတယ်။ ဒါက အက်စပရင်ထဲမှာပါတဲ့ ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

ဘယ်လိုသုံးရမလဲ

တစ်နေ့ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ ဟင်းလျာတစ်ခွက်စားပေးရင် ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top