Healthy Life Ad
Health Tips

အစိမ်းရောင်ပန်းသီးလေးတွေ စားရအောင် …

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ပန်းသီးဟာ အရသာရှိပြီး အရည်ရွှမ်းတဲ့အပြင် မရေတွက်နိုင်တဲ့ ကျန်းမာရေးအာနိသင်တွေလည်း ရှိပါတယ်။ အစိမ်းရောင်ရှိတဲ့ပန်းသီးတွေက အနီရောင်ပန်းသီးတွေထက် ကျန်းမာရေးနဲ့ ပိုညီညွတ် တယ်လို့ဆိုကြတာကြောင့် အစိမ်းရောင်ပန်းသီးတွေရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် ကောင်းကျိုး တွေကို ရေးသားလိုက်ရပါတယ်။

– အူမကြီးကင်ဆာကိုလျော့ကျစေပါတယ်

အစိမ်းရောင်ပန်းသီးမှာပါတဲ့ အမျှင်ဓာတ်တွေက အစာကြေညက်စေပြီး အူလှုပ်ရှားမှုကောင်းကာ ဝမ်းမှန်မှန်သွားစေတဲ့အပြင် အူမကြီးကင်ဆာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

– ကိုယ်အလေးချိန် ထိန်းနိုင်ပါတယ်

အစိမ်းရောင်ပန်းသီးမှာ ကိုလက်စထရောမပါဝင်တာကြောင့် ကိုယ်အလေးချိန်ထိန်းဖို့အတွက် ကယ်လိုရီကို ကန့်သတ်ပေးပါတယ်။ ပန်းသီးတစ်လုံးစားတာက ဆာလောင်မှုကို တွန်းလှန်ပေးနိုင် တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တာပါ။ အဝလွန်နေသူတွေအနေနဲ့ အစိမ်းရောင်ပန်း သီးစားတာနဲ့အတူ လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်အလေးချိန်ကို ပိုမိုလျော့ကျစေပါတယ်။

– ဆီးချိုရောဂါရှိသူတို့အတွက် သင့်တော်ပါတယ်

အစိမ်းရောင်ပန်းသီးမှာအနီရောင်ပန်းသီးမှာ ထက်ဖရက်တို့စ်ပါဝင်မှု အတော်နည်းတာကြောင့် ဆီးချိုရောဂါရှိသူတွေ စားနိုင်ပါတယ်။

– အဆိပ်အတောက် ကင်းစင်စေပါတယ်

အစိမ်းရောင်ပန်းသီးမှာ အင်တီအောက်ဆီးဒင့်များစွာပါဝင်တာကြောင့် ကင်ဆာရောဂါအမျိုး မျိုးမဖြစ်အောင် ကာကွယ်နိုင်သလို ခန္ဓာကိုယ်ထဲရှိ ဖရီးရယ်ဒီကယ်နဲ့ အဆိပ်တွေကို ကင်းစင်အောင် တွန်းလှန်ပေးနိုင်ပါတယ်။

ပန်းသီးစားတာက အရေပြားကူးစက်ပိုးဝင်မှုကို လျော့ကျစေပြီး အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်ပေးကာ အရေပြားအပေါ်ယံလွှာကို ကြည်လင်စိုပြည်ပြီး ပျော့ပျောင်းစေပါတယ်။

– ပါးစပ်အနာနဲ့ အစာအိမ်အနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်

အစိမ်းရောင်ပန်းသီးမှာ ဗီတာမင်စီများများပါဝင်တဲ့အတွက် ပါးစပ်အနာနဲ့ အစာအိမ်အနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အစိမ်းရောင်ပန်းသီးက ဗီတာမင်စီအစားထိုးစားပေးနိုင်တဲ့ သစ်သီးပါ။ ပန်းသီး ၁၀ဝ ဂရမ်မှာ ဗီတာမင်စီ ၁ဒသမ၅ မီလီဂရမ်ပါဝင်ပါတယ်။

– ရောဂါများစွာကို ကာကွယ်ပေးပါတယ်

အစိမ်းရောင်ပန်းသီးစားတာကြောင့် အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာနဲ့ တခြားနာမ ကျန်းမှုအမျိုးမျိုးကို ကင်းဝေးစေသလို သက်သာစေနိုင်ပါတယ်။ ရင်သား၊ အူမကြီးနဲ့ ဆီးကျိတ်ကင် ဆာတို့လို ကင်ဆာတွေကိုလည်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

– ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို လျော့ကျစေပါတယ်

အစိမ်းရောင်ပန်းသီးကိုစားတာက စိတ်ကစဉ့်ကလျားရောဂါ၊ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတို့လို နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေကို လျော့ ကျစေပါတယ်။

– အသည်းကို အနာကျက်စေပါတယ်

အရက်အလွန်အမင်းသောက်သူတွေမှာ ဖြစ်တတ်တဲ့ အသည်းထိခိုက်မှုကို သက်သာစေပါ တယ်။ အစိမ်းရောင်ပန်းသီးဟာ အသည်းကို အနာကျက်စေတဲ့အပြင် ကျောက်ကပ်ကိုလည်း ကျန်းမာစေပါတယ်။

– အသားအရေ ကြည်လင်တောက်ပစေပါတယ်

အစိမ်းရောင်ပန်းသီးကို အသားအရေထိန်းအလှကုန်အများစုမှာ ထည့်သုံးနေကြပါတယ်။ ဗီတာ မင်ပါဝင်မှုမြင့်မားတာကြောင့် အသားအရေကို ကြည်လင်တောက်ပစေပြီး အသားအရေလှပစေပါတယ်။

– သွားဖြူစင်ကျန်းမာစေပါတယ်

အစိမ်းရောင်ပန်းသီးတွေကို စားတာကြောင့် သွားတွေကိုကျန်းမာစေပြီး ဖြူစင်လှပစေပါတယ်။

– မျက်ကွင်းညို သက်သာစေပါတယ်

အစိမ်းရောင်ပန်းသီးစိတ်ကိုပါးပါးလှီးပြီး ရလာတဲ့အရည်ကို မျက်နှာပေါ်လိမ်းပေးရင် မျက် ကွင်းညိုတာနဲ့ ဝက်ခြံတို့ကိုသက်သာစေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top