Healthy Life Ad
International

သက်သတ်လွတ်စားခြင်းနှင့် ရေများများ သောက်ခြင်းကြောင့် မျက်နှာပေါ်က ဝက်ခြံများ ပျောက်သွားသည့် အမျိုးသား

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံမှ အသက် ၂၃နှစ်အရွယ် ကိုယ်ကာယ ကြံ့ခိုင် ရေးဆရာ ဘရိုင်ယန်တာနာက မျက် နှာပေါ်မှာ ဝက်ခြံဗရပွရှိနေတာကြောင့် စိတ်ညစ်နေခဲ့ပါတယ်။ နည်းလမ်းအတော်များများနဲ့ ကုသခဲ့ပေမယ့် ပျောက်ကင်းမသွားခဲ့ပါဘူး။

တစ်ခါက ဝက်ခြံပျောက်ဆေး တစ်မျိုးနဲ့ သီတင်းပတ် ၇၀ကျော်ကြာ ကုသခဲ့ရာမှာ အနည်းငယ်ပျောက်ကင်းသွားသလိုရှိခဲ့ပေမယ့် ဝက်ခြံသေးသေးလေးတွေပြန်ပေါ်လာပြီး မသက်သာခဲ့ပါဘူး။ ဝက်ခြံတွေက မျက်နှာတစ်ပြင်လုံးရှိ နေခဲ့ပြီး နေ့စဉ်အသစ်သုံးလေးငါးလုံးလောက်ပေါက်လေ့ရှိပါတယ်။ နောက်ဆုံးမှာ သူက သတ်သတ်လွတ်စားပြီး ကုသဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေတောင် မစားသောက်တော့ပဲ တစ်ရက်ရေ အနည်းဆုံး ၃လီတာသောက်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကိုလည်း တစ်ရက်တစ်ယောက်စာတစ်ခါပြင် ပွဲ၁၀ပွဲကနေ ၁၆ပွဲ ကြား စားသုံးလေ့ရှိပါတယ်။ အခုအခါမှာတော့ သူရဲ့မျက်နှာမှာ ဝက်ခြံလုံးဝကင်းစင်ပြီး ကြည်လင်လှပနေပါတယ်။ ဝက်ခြံဘယ်လို ပျောက်ကင်းသွားသလဲမေးကြသူတွေကို သူရဲ့နည်းလမ်းကို ဝေမျှပေးနေတယ်လို့သိရပါတယ်။ တိရစ္ဆာန်အသား တွေနဲ့ နို့ထွက်ပစ္စည်းတွေမစားသုံးဘဲ ရေများများသောက်ပြီး သက်သတ်လွတ်စားပါက ဝက်ခြံတွေပျောက်ကင်းမှာဖြစ်ကြောင်း သူက အာမခံထားပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top