Healthy Life Ad
Life Style

ကပိုကရို ဆံထုံးလှလှ ထုံးရအောင်

၊ လရိပ်မေ ၊

ကပိုကရိုဆံထုံးလှလှလေးလေးနဲ့ စမတ်ကျကြည့်ကောင်းတဲ့အသွင် ပိုင်ဆိုင်စေဖို့ လွယ်ကူမြန်ဆန်တဲ့ ဆံထုံးထုံးနည်းကို ဖော်ပြလိုက်ပါတယ်။


အဆင့်(၁) ဆံပင်ကို နားထင်နားကစပြီး ကျစ်ဆံမြီး ကျစ်ပါ
ဆံပင်ကို ဘီးနဲ့ဖွပြီး ဖြီးပါ။ ပြီးရင် နားရွက်အပေါ် နားထင်ဘေးက စပြီး ကျစ်ဆံမြီးကျစ်ပါ။


အဆင့် (၂) ကျစ်ဆံမြီးကို အောက်အထိ ကျစ်ပါ
ဆံပင်အောက်ဖျားအထိ ကျစ်ဆံမြီးကျစ်ပြီး အောက်အဖျားကို ခေါင်းစည်းကွင်းနဲ့ စည်းပါ။


အဆင့် (၃) ကျစ်ဆံမြီးကို အပေါ်လိပ်တင်ပါ
ကျစ်ထားတဲ့ ကျစ်ဆံမြီးကို အပေါ်လိပ်တင်ပြီး ကျစ်ဆံမြီးလေးတွေကို ကြည့်ကောင်းအောင် အသာအယာဖွလိုက်ပါ။ ပြီးရင် ဆံညှပ်သေးလေးတွေနဲ့ မြဲအောင်ထိုးပေးပါ။


အဆင့် (၄) အနည်းငယ်ဖွပေးပါ
ဆံထုံးလှလှလေးရ အောင်ကျစ်ဆံမြီးအောက် ပိုင်းလေးတွေကို အသာအယာဖွပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top