၊ ကိုမိုး ၊
အသက်အရွယ်အလိုက်အဖြစ်များတဲ့ အသည်းထိခိုက်မှု အန္တရာယ်နည်းပါးအောင် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို အကြံပြုလိုက်ပါတယ်။
– အသက် ၂၀ အရွယ်မှာ
အသည်းရောဂါအများစုဟာ ပထမဆုံး အရက်သောက်ချိန်မှစပြီး (စဉ်ဆက်မပြတ် သောက်ခဲ့ရင်) ၁၀ နှစ်အတွင်းမှာ စတင်ဖြစ်ပေါ်လေ့ရှိပါတယ်လို့ ဆောက်သမ်တန်ဆေးရုံမှ အသည်းအထူးကု ဒေါက်တာနစ်ခ်ရှရွန်က ဆိုပါတယ်။ ကညွတ်စားပြီး အသည်းရောဂါ ဖြစ်နှုန်းလျော့ကျအောင် ကာကွယ်ပါ။ တောင်ကိုရီးယားနိုင်ငံရဲ့ လေ့လာမှုအရ ကညွတ်စားတာဟာ အသည်းမှာ အရက်ကြောင့်ဖြစ်တဲ့ ထိခိုက်မှုဆိုးကျိုးကို လျော့ကျစေတယ်လို့ သိရပါတယ်။
– အသက် ၃၀ အရွယ်မှာ
အသက်ငယ်စဉ်မှာ မသန့်ရှင်းတဲ့ ဆေးထိုးအပ်သုံးတာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေကြောင့် အသည်းရောင်အသားဝါ ရောဂါပိုးတွေကို ကူးစက်ရရှိကာ အသည်းပျက်စီးစေနိုင်ပါတယ်။ အသည်းရောင် အသားဝါဘီရောဂါပိုး ကာကွယ်ဆေးထိုးနှံပါ။ တစ်ခါသုံး ဆေးထိုးအပ်ကိုပဲသုံးပါ။ တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။ လိင်အပျော်အပါးလိုက်စားရင် ကွန်ဒုံးသုံးပါ။ အမေရိကန် အမျိုးသားကင်ဆာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ ပုံမှန် ကော်ဖီတစ်ခွက်သောက်ပေးတာဟာ အသည်း ရောင်အသားဝါ စီပိုးနဲ့ ဆက်စပ်နေတဲ့ အသည်းရောဂါဖြစ်နှုန်းကို တားဆီးပေးတယ်လို့ သိရပါတယ်။
– အသက် ၄၀ အရွယ်မှာ
ခန္ဓာကိုယ်မှာ အဆီပိုတွေအများကြီးရှိတာက (အရက်ကြောင့်မဟုတ်တဲ့) အသည်းအဆီဖုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ အသည်းအဆီဖုံးရောဂါ မဖြစ်စေဖို့ အဆီအအိမ့်စာတွေ၊ အဆင်သင့်စာနဲ့ အပြင်စာတွေကို တတ်နိုင်သမျှရှောင်ပါ၊ ဆစ်ဒနီတက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်ပတ်မှာ တစ်နာရီခန့် လေ့ကျင့်ခန်း လုပ်တာဟာ ဗိုက်အဆီကို ၁၂ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)