Healthy Life Ad
Health Tips

လူ့ခန္ဓာကိုယ်အကြောင်း ထူးဆန်းသောအချက်များ

(၁) မှဲ့အရေအတွက် များများရှိသူတွေက မှဲ့အရေ အတွက်နည်းနည်းပဲ ရှိသူတွေထက် အသက်ပိုရှည် ရှည်နေရလေ့ရှိပါတယ်။

(၂) ဂရိတ်ဖရုနံ့ကို မကြာခဏ ရှူရှိုက်ပေးတာဟာ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတွေကို သက်တူ အမျိုးသားတွေနဲ့ ယှဉ်ရင် အသက်ခြောက်နှစ် လောက် ပိုငယ်သွားစေပါတယ်။

(၃) သင့်အိပ်ခန်းက ပိုပြီး အေးစက်လွန်းလေလေ၊ သင့်အနေနဲ့ အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်းများ လေလေပါပဲ။

(၄) ဒီနေ့ခေတ်မှာ သေဆုံးသူတွေထက် အသက်ရှင် တဲ့ လူဦးရေက ပိုများပါတယ်။

(၅) ယေဘုယျအားဖြင့် ဆေးလိပ်ဖြတ်လိုက်တဲ့ လူ ဟာ တစ်ညမှာ အိပ်ချိန် တစ်နာရီလျော့အိပ်ရုံနဲ့ ကျန်းမာရေး မထိခိုက်နိုင်တော့ပါဘူး။

(၆) ရယ်မောတာက စိတ်ဖိစီးမှုဟော်မုန်းအဆင့်ကို လျော့ကျစေပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါ တယ်။ ယေဘုယျအားဖြင့် ခြောက်နှစ်အရွယ်ကလေး ငယ်ဟာ တစ်နေ့မှာ အကြိမ် ၃၀ဝ ရယ်မောတတ်ပါ တယ်။ အရွယ်ရောက်သူတွေကတော့ တစ်နေ့မှာ ၁၅-၁၀ဝ ကြိမ်ပဲ ရယ်မောတတ်ပါတယ်။

(၇) အမြန်ဆုံးရှည်ထွက်တတ်တဲ့ လက်သည်းက လက်ခလယ်လက်သည်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ပိုပြီး သန်မာတဲ့ လက်က လက်ခလယ်လက်သည်းဟာ လက်ချောင်းတွေထဲမှာ အမြန်ဆုံး ရှည်ထွက်တတ် ပါတယ်။ အရှည်ဆုံးလက်ချောင်းရှိ လက်သည်းတွေ က အမြန်ဆုံးရှည်ထွက်တတ်ပြီး အတိုဆုံးလက် ချောင်းရှိ လက်သည်းတွေက အနှေးဆုံးရှည်ထွက် တတ်ပါတယ်။

(၈) လူ့ဆံပင်ရဲ့ သက်တမ်းက ယေဘုယျအားဖြင့် ၃-၇နှစ် ရှိပါတယ်။

(၉) လူ့ဆံပင်ဟာ အအေးဒဏ်၊ ရာသီဥတုအပြောင်း အလဲ၊ ရေနဲ့တခြားသဘာဝ အရင်းအမြစ်တွေကြောင့် မပျက်စီးနိုင်ပါဘူး။ ဆံပင်ဟာ အက်စစ်နဲ့ တခြား ဓာတုပစ္စည်းတွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။

(၁၀) သင့်အစာအိမ်ထဲက အက်စစ်ဟာ ဘရိတ်ဓား တွေကို ပျော်ဝင်စေနိုင်တဲ့အထိ သန်စွမ်းမှု ရှိပါတယ်။ အစာအိမ်ထဲက ဟိုက်ဒရိုကလိုရစ်အက်စစ်အမျိုးအ စားဟာ ညစာအဖြစ်စားတဲ့ ပီဇာကို ပျော်စေရုံသာမက သတ္တုအမျိုးအစား များစွာကိုလည်း ပျော်ဝင်စေနိုင်ပါ တယ်။

(၁၁) ပျမ်းမျှအားဖြင့် လူတစ်ဦးဟာ တစ်နေ့တာ အတွင်း ၁၄ ကြိမ်လောက် လေချဉ်တက်နိုင်ပါတယ်။ တကယ်လို့ သင်က လေချဉ်တက်တာမျိုး ဖြစ်ခဲတယ် လို့ ထင်နေရင်တောင် လူတိုင်းနီးပါးဟာ တစ်နေ့မှာ အကြိမ်အနည်းငယ် လေချဉ်တက်နိုင်ပါတယ်။

(၁၂) အစာတွေကို အများကြီး စားပြီးတဲ့ အခါမှာ သင်ရဲ့ အကြားအာရုံက ယာယီ အားနည်းသွားပါ တယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top