Healthy Life Ad
Life Style

လူမှုဆက်ဆံရေးကောင်းမွန်လိုသူတိုင်း သိထားသင့်သော ခန္ဓာကိုယ်ဘာသာစကား

ကိုမိုး
ပေါင်းသင်းဆက်ဆံရေးမှာ ခန္ဓာကိုယ် ဘာသာစကားကလည်း အရေးပါတဲ့ အချက်ဖြစ်တာကြောင့် သိထားသင့်တဲ့ အပြုအမူတွေကို ရေးသားလိုက်ရပါတယ်။

မျက်လုံးချင်း ဆုံကြည့်ခြင်
သင်ပြောတဲ့စကားကို တခြားသူစိတ်ပါဝင်စားရဲ့လားဆိုတာကို သိချင်ရင် မျက်လုံးချင်း ဆုံကြည့်လိုက်ပါ။ ဒါပေမဲ့ စူးစူးရဲရဲတော့ မကြည့်သင့်ပါဘူး။ ခပ်ရဲရဲရန်လိုတဲ့ မျက်လုံးအကြည့်က ခြိမ်းခြောက်သလိုဖြစ်နေနိုင်ပါတယ်။ “စကားပြောရင်း မျက်လုံးချင်းဆုံကြည့်လိုက်၊ လွှဲလိုက်လုပ်ပေးပါ။ စကားပြောချိန်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်မှာ မျက်လုံးချင်း ဆုံကြည့်တာက သင်နဲ့အတူစကားပြောနေသူကို စိတ်သက်သာရာရစေပြီး အဆင်ပြေတဲ့ တွေ့ဆုံမှုကို ဖြစ်စေပါတယ်” လို့ လေ့လာသူတွေက ဆိုပါတယ်။

လက်ပိုက်ထားခြင်း
လက်ကိုချိတ်ပြီး ရပ်နေရင် သင့်အနေနဲ့ မလုံခြုံမှုကိုခံစားနေရတယ်၊ ပူပင်သောက များနေတယ်၊ ခေါင်းမာတယ်၊ ရင်းနှီးမှုမရှိဘူးစတဲ့ အသွင်ဖြစ်နေတယ်လို့သဘောရပါတယ်။ လက်ပိုက်ထားတဲ့ သူတွေက လက်ကို စားပွဲပေါ်တင်ထားသူတွေထက် ပြဿနာဖြေရှင်းဖို့ ကြိုးစားနှုန်း ၃၀ ရာခိုင်နှုန်း ပိုများတယ်လို့သိရပါတယ်။ စဉ်းစားတဲ့အခါမှာတော့ လက်ပိုက်တဲ့ အပြုအမူဟာ ဦးနှောက်ရဲ့ ဘယ်နဲ့ညာအပိုင်းတွေကို ညီတူမျှတူ အသုံးချရာရောက်ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ကောင်းမွန်စေတယ်လို့လည်းဆိုပါတယ်။

ခြေချိတ်ထိုင်ခြင်း
ခြေချိတ်ပြီး ထိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး တခြားသူတွေအပေါ် လွှမ်းမိုးတဲ့သဘောမျိုးရှိပါတယ်။ ခြေချိတ်ထိုင်တဲ့အခါ သင်က စွမ်းအားရှိတဲ့အသွင်မျိုးရှိသလို စိတ်ဖိစီးမှုကင်းပြီး အပန်းပြေတဲ့ အသွင်မျိုးရှိနေပါတယ်။ အမျိုးသမီးတွေကခြေချိတ်ထိုင်တဲ့ အပြုအမူမျိုးကို မကြာခဏ ပြုလုပ်တတ်ပါတယ်။ ခြေချိတ်ထိုင်တာက အင်တာဗျူးဖြေတဲ့အခါမှာ ရိုင်းပျတဲ့အပြုအမူ ဖြစ်တတ်တာကြောင့် မလုံခြုံမှု ခံစားရတဲ့အခါ ခြေချင်းလိမ်ပြီး ထိုင်သင့်ပါတယ်။

ခါးထောက်ပြီး မတ်တပ်ရပ်ခြင်း
အမျိုးသားတွေ အကြိုက်ဆုံး အနေအထားပါ။ ဒါပေမဲ့ ဒီအနေအထားက ရန်လိုတဲ့အသွင်မျိုး ဖြစ်သွားနိုင်တာကြောင့် သတိထားဖို့ လိုပါတယ်။ သင့်လက်တံတောင်က တဘက်သားကို ခြိမ်းခြောက်နေတဲ့ ဟန်မျိုး ဖြစ်တတ်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top