Healthy Life Ad
Health Tips

နေ့စဉ် ဝမ်းမှန်မှန် သွားစေမည့် နည်းလမ်းကောင်းများ

ငွေကြယ်စင်ယံ

ဝမ်းချုပ်တဲ့အခါ ဗိုက်ထဲမှာ မအီမသာဖြစ်ရသလို နေရထိုင်ရတာလည်း ပေါ့ပါးသွက် လက်မှုမရှိတတ်ပါဘူး။ ဝမ်းမချုပ်ဘဲ နေ့စဉ် ဝမ်းမှန်မှန် သွားစေဖို့ နည်းလမ်းကောင်းတွေ ရှိပါတယ်။

ရေများများ သောက်ပေးပါ
အများအားဖြင့် နံနက်အိပ်ရာ ထချိန်မှာ ရေတစ်ဖန်ခွက် အပြည့်သောက်ပေးရုံနဲ့ ဝမ်းသွားလေ့ရှိပေမယ့် တစ်နေ့တာလုံးလည်း ရေကိုမကြာခဏ သောက်ပေးရပါမယ်။

အမျှင်ဓာတ်ပါသည့် အစားအသောက်များ စားပါ
အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေထဲမှာ အမျှင်ဓာတ် ပါဝင်တဲ့အတွက် အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

အဆင်သင့်အစာနှင့် တာရှည်ခံအစာများ ဆင်ခြင်ပါ
အဆင်သင့်အစာ၊ အဆီအအိမ့်များတဲ့အစာနဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အစာတွေက ဝမ်းချုပ်ဖို့ အားပေးပါတယ်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ
တစ်နေ့မှာ နာရီဝက်လောက်ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ပေးပါ။ လမ်းလျှောက်တာပဲဖြစ်ဖြစ် ဘယ်လိုလေ့ကျင့်ခန်းကိုမဆို ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top