Healthy Life Ad
Life Style

အမျိုးသမီးများ အိမ်မှာနေရင်း ဝမ်းဗိုက်ချပ်ရပ်စေရန် ပြုလုပ်နိုင်မည့် လေ့ကျင့်ခန်း

၊ လရိပ်မေ ၊

မနက် အိပ်ရာထတာနဲ့ သွေးလှည့်ပတ်မှု ကောင်းမွန်စေဖို့ အောက်ပါကိရိယာလွတ် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။


အဆင့် (၁) မတ်မတ်ရပ်ပါ
ပခုံးအကျယ်ထက် အနည်းငယ် ပိုချဲပြီး မတ်မတ်ရပ်ပေးပါ။ လက်တွေကို သင့်ဦးခေါင်းနောက်မှာထားပါ။
– သတိပြုရန်
သင့်ခြေထောက်တွေနဲ့ သင့်ခြေချောင်းတွေက သင့်ခန္ဓာကိုယ်ရှေ့မှာ တည့်တည့်ရှိနေရပါမယ်။


အဆင့် (၂) ဒူးကွေးပါ
အဲဒီအနေအထားအတိုင်း ခန္ဓာကိုယ်ကို အနည်းငယ်နှိမ့်ချကာ ဒူးတွေကို ကွေးလိုက်ပါ။
– သတိပြုရန်
သင့်ဒူးခေါင်းတွေကို ရှေ့သို့ချွန်နေပါစေ၊ ဘေးကို မဖြန့်ပါနဲ့။


အဆင့် (၃) ပေါင်နှင့် ကြမ်းပြင် တစ်တန်းတည်းထားပါ
ဒူးတွေကို ကွေးတဲ့အခါ ပေါင်နဲ့ကြမ်းပြင် တစ်တန်းတည်းရှိပါစေ။
– သတိပြုရန်
ဒူးတွေကို အထဲချွန်ဝင်တာမျိုး မဖြစ်ပါစေနဲ့။


အဆင့် (၄) မူလပုံစံ ပြန်နေပါ
အဆင့် (၁)မှာလုပ်ခဲ့တဲ့ မူလပုံစံအတိုင်း ပြန်နေပါ။
– သတိပြုရန်
ခဏတာနားပြီး ၈-၁၅ ကြိမ် ထပ်ခါထပ်ခါ ပြန်လည်ပြုလုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top