Healthy Life Ad
Health Tips

မီဂန်မာကဲလ် အိမ်မှာပြုလုပ်နေကျ အိုမင်းမှုတား လေ့ကျင့်ခန်း ၁၀

———၊ လရိပ်မေ ၊———

ဗြိတိန်တော်ဝင်မင်းသား ဟယ္ရီရဲ့ကြင်ယာတော် မီဂန်မာကဲလ်က သူ့အသားအရေ ကြည်လင်တောက်ပဖို့နဲ့ အသားအရေ တင်းရင်းစေဖို့အတွက် အိမ်တွင်းလေ့ကျင့်ခန်းကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒီနည်းက အသားအရေဖောင်းအစ်မှု လျော့ကျစေပြီး ကြွက်သားတွေကို တင်းရင်းစေကာ မျက်နှာကို ဝင်းပစေပါတယ်။ အသားအရေ ကြည်လင်လှပစေတဲ့ ဒီလေ့ကျင့်ခန်းကို အိမ်မှာပြုလုပ်နိုင်ပါတယ်။

alignnone size-medium wp-image-58447
(၁) အဆီလိမ်းခြင်း

မျက်နှာကို နာကျင်အောင်မနှိပ်ဖို့ သတိရပါ။ နာတယ်ဆိုရင် ခပ်ကြမ်းကြမ်းနှိပ်မိလို့ ဖြစ်နိုင်ပါတယ်။ မျက်နှာနဲ့ လည်ပင်းပေါ်မှာ အကြိုက်ဆုံး မရှိမဖြစ်ဆီ ဒါမှမဟုတ် ညလိမ်းအစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ လက်ချောင်းထိပ်မှာ ဆီအနည်းငယ်လိမ်းပြီး ပူလာအောင် အရင်ပွတ်ပေးပြီးမှ မျက်နှာကို နှိပ်ပေးပါ။

alignnone size-medium wp-image-58448
(၂) အနားယူခြင်း

မျက်လုံးမှိတ်ပြီး လက်နှစ်ဖက်နဲ့ မျက်နှာပေါ်တင်ကာ လည်ပင်းအထိ ဆွဲရွှေ့ပေးပါ။ ဖိအားမပေးရပါဘူး။ သက်သောင့်သက်သာ လုပ်ရပါမယ်။

alignnone size-medium wp-image-58449
(၃) အသားအရေကို ပြင်ဆင်ခြင်း

မျက်နှာအလယ်မှာ လက်ချောင်းထိပ်တင်ပြီး ဖိအားနည်းနည်းနဲ့ ဖိပေးပါ။ ဒါက သားနံရည်စနစ်ကို လှုံ့ဆော်ပေးပြီး အသားအရေနွေးထွေးကာ တကယ်နှိပ်ဖို့အတွက် အဆင်သင့်ဖြစ်စေပါတယ်။

alignnone size-medium wp-image-58450
(၄) စက်ဝိုင်းပုံပွတ်ပေးခြင်း

မျက်နှာအလယ်ကနေ စပြီး ဆီကို အရေပြားအတွင်း စိမ့်ဝင်အောင် စက်ဝိုင်းပုံစံအတိုင်း ပွတ်ပေးပါ။

alignnone size-medium wp-image-58451
(၅) မေးရိုးကို ဖြတ်နှိပ်ခြင်း

လက်နှစ်ဖက်ပေါ်မှာ လက်ညှိုးနဲ့ လက်ခလယ်ကို သုံးပြီး မေးရိုးကနေ ပါးပြင်၊ ပါးပြင်မှ နားရွက်အထိ ဆွဲမြှင့်ပေးပါ။ ဖိအားနည်းနည်းပဲ သုံးပါ။ ဒီနည်းက သားနံရည်စနစ်ကို လှုံ့ဆော်ပေးပြီး မျက်နှာတင်းရင်းစေပါတယ်။ ၆ ကြိမ်လုပ်ပေးပါ။

alignnone size-medium wp-image-58452
(၆) ပါးပြင်မြှင့်ခြင်း

လက်ညှိုးနဲ့ လက်ခလယ်သုံးပြီး မေးရိုးအခြေကနေ အင်္ဂလိပ်အက္ခရာ ဗီပုံစံအတိုင်း ရွေ့လျားပေးပါ။ ဒီလေ့ကျင့်ခန်းက ပါးပြင်ကို မြှင့်တင်ပေးပြီး တွဲမကျအောင် ကာကွယ်ပေးပါတယ်။ ၆ ကြိမ်ပြုလုပ်ပေးပါ။

alignnone size-medium wp-image-58453
(၇) ပါးရိုးကိုနှိပ်ခြင်း

လက်အတွင်းဘက်ကို သုံးပြီး မေးရိုးအခြေကို ဖိနှိပ်ကာ ပါးရိုးအထိလှိမ့်ကာ နှိပ်သွားပါ။ ၆ ကြိမ်ပြုလုပ်ပေးပါ။

alignnone size-medium wp-image-58454
(၈) မျက်ဝန်းတဝိုက် နှိပ်နယ်ခြင်း

မျက်ဝန်းတဝိုက် နှိပ်နယ်တာက ဖောင်းအစ်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ မျက်ဝန်းအောက်မှာ လက်ညှိုးနဲ့ လက်ခလယ်သုံးကာ အနည်းငယ်ပုတ်ပေးပါ။ ဒီနည်းက မျက်ဝန်းကို နွေးထွေးစေပါတယ်။ လက်ညှိုးတွေကို မျက်ဝန်းထောင့်မှာတင်ကာ လက်ခလယ်နဲ့ မျက်ဝန်းအောက်မှာ တံမြက်စည်းလှည်းသလို လုပ်ပေးပါ။

alignnone size-medium wp-image-58455
(၉) နဖူးကို နှိပ်နယ်ခြင်း

လက်ချောင်းတွေကို မျက်ခုံးပေါ်တင်ပြီး ဖိအားနည်းနည်းပေးကာ အပေါ်မှအောက် ဖိနှိပ်ပေးပါ။ ၆ ကြိမ်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက နဖူးပေါ်က အရေးကြောင်းပါးပါးတွေကို ပျောက်ကင်းစေပါတယ်။

alignnone size-medium wp-image-58456
(၁၀) လည်ပင်းကို နှိပ်နယ်ခြင်း

လည်ပင်းအလယ်ပေါ် လက်ဖဝါးတင်ကာ ပခုံးဆီသို့ ဖိအားနည်းနည်းနဲ့ ဆွဲချပေးပါ။ တစ်ဖက်ကို သုံးကြိမ်လုပ်ပေးပါ။

မှတ်ချက်

လက်ဖဝါးနှစ်ဖက်ကို ဆီတွေစိမ့်ဝင်အောင် ပွတ်လိမ်းပါ။ လက်ချောင်းနဲ့ လက်ဖမိုးတွေပါ မကျန်ပါစေနဲ့။ ပုံမှန်ဆီလိမ်းကုထုံးက လက်ခြောက်သွေ့တာနဲ့ အရေးကြောင်းထင်တာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top