Healthy Life Ad
Health Tips

ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်နှေးကွေးခြင်းအတွက် ကိုရီးယားလူမျိုးတို့၏ အိမ်တွင်းကုထုံးများ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ကိုရီးယားသူတိုင်းလိုလို ခန္ဓာကိုယ်သွယ်လျကြတယ်။ အသက်ကြီးလာလို့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်နှေးလာပေမယ့် သူတို့ကတော့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မြန်အောင်လုပ်ပြီး သွယ်လျကျန်းမာအောင် နေထိုင်ကြပါတယ်။ သူတို့ ဘယ်လိုနေထိုင်ကြသလဲဆိုတာ လေ့လာဆန်းစစ်ကြည့်ရအောင်။

သူတို့က လေ့ကျင့်ခန်းလုပ်ဖို့ စောစောအိပ်ရာထကြတယ်
ကိုရီးယားသူအများစုက မနက်စောစော အိပ်ရာထလေ့ရှိကြတယ်။ သူတို့က မနက်ခင်းဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့နည်းနဲ့ သူတို့ရဲ့ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းအောင် လုပ်ဆောင်ပါတယ်။ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ ကြက်တောင်ရိုက်တာ . . ဒီလေ့ကျင့်ခန်းအားလုံးက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့နည်းတွေ ဖြစ်ပါတယ်။

သူတို့က အလေးမတယ်
ကိုရီးယားသူတွေက အလေးမကြတယ်။ အိမ်မှာ အလေးတုံးလေးတွေဆောင်ပြီး အလေးမတဲ့အတွက် <ကက်သားတွေ ကျစ်လျစ်သန်စွမ်းကြတယ်၊ ကယ်လိုရီလောင်ကျွမ်းမှုပိုများတယ်၊ သွယ်လျကျန်းမာမှုရှိပါတယ်။

သူတို့က လမ်းလျှောက်ကြတယ်
ကိုရီးယားနိုင်ငံမှာ အမျိုးသမီးအများစုကို ကြည့်လိုက်ရင် ကားသုံးမယ့်အစား လမ်းလျှောက်တာကို တွေ့ရတယ်။ ဒီနည်းက အကောင်းဆုံး လေ့ကျင့်ခန်းပဲလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်။ လမ်းလျှောက်တာက အဆစ်တွေအပေါ်သက်ရောက်မှုနည်းပြီး ကယ်လိုရီလောင်ကျွမ်းမှု များစေပါတယ်။

သူတို့က အစာကို နည်းနည်းနဲ့ ခဏခဏစားတယ်
ခန္ဓာကိုယ်သွယ်လျကျန်းမာရေးအတွက် အစားအသောက်ကလည်း အခရာကျပါတယ်။ ကိုရီးယားသူတွေက အစာကို နည်းနည်းနဲ့ ခဏခဏစားတဲ့နည်းနဲ့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ တစ်နေ့တာအတွင်း အစာကို ၅-၆ ကြိမ်စားပေးတာက စွမ်းအင်တိုးစေပြီး သန်စွမ်းသွယ်လျကျန်းမာစေပါတယ်။

သူတို့က လက်ဖက်စိမ်းလက်ဖက်ရည်သောက်တယ်
လက်ဖက်စိမ်းလက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးတာက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ပထမအကြောင်းရင်းက လက်ဖက်စိမ်းမှာပါတဲ့ ကဖင်းဓာတ်က အာရုံကြောစနစ်ကို လှုံ့ဆော်ပေးလို့ပါ။ ဒုတိယအကြောင်းရင်းအနေနဲ့ လက်ဖက်စိမ်းမှာပါတဲ့ EGCG ဓာတ်က အဆီဆဲလ်တွေကို လောင်ကျွမ်းမှု များစေလို့ပါ။ လက်ဖက်စိမ်းမှာ အင်တီအောက်ဆီးဒင့် အများအပြားလည်း ပါဝင်တာကြောင့် အသားအရေနုပျို ကြည့်ကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top