Healthy Life Ad
Health Tips

ခရီးရှည် ကားမောင်းမည့်သူများ စိတ်ဖိစီးမှု ကင်းဝေးစေမည့် ရနံ့ဆီ

ငွေကြယ်စင်ယံ
ကားမောင်းပြီး ခရီးရှည်သွားရတဲ့အခါ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ ကားရပ်နားချိန်မှာ လူပါအနားရပြီး ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့မှ ရှေ့ဆက်ဖို့ ခွန်အားရှိမှာပါ။ အဲဒီအတွက် ရနံ့ဆီတချို့က သင့်ကို အန္တရာယ်ကင်းပြီး စိတ်ဖိစီးမှုကင်းဝေးတဲ့ ခရီးဆုံးပန်းတိုင်ကို အရောက်ပို့ပေးပါလိမ့်မယ်။

ပူဒီနာဆီ(ပူစီနံဆီ)
ခရီးဆုံးပန်းတိုင်ရောက်တဲ့အထိ စိတ်တက်ကြွနေအောင် ပံ့ပိုးပေးမယ့် ရနံ့ဆီပါ။ ကားမောင်းရင်း သင်ပူတဲ့အခါ၊ လမ်းပိတ်ပြီး မူးချင်သလိုလို အာရုံ နောက်နေတဲ့အခါ ပူဒီနာဆီကို အနည်းငယ် ရှုပေးသင့်ပါတယ်။

သံပရာရနံ့ဆီ
ကားထဲက အနံ့ဆိုးတွေကို ဖုံးအုပ်ပေးနိုင်တဲ့အတွက် လေအေးပေးစက်ဖွင့်ထားတဲ့ ကားထဲမှာ သင်းပျံ့နေစေမယ့်ရနံ့ဆီပါ။

ရို့စ်မေရီရနံ့ဆီ
ကားမောင်းနေစဉ် အိပ်ငိုက်တာမျိုး မဖြစ်စေဘဲ စိတ်ဖိစီးမှုလျော့ကျစေဖို့ ရို့စ်မေရီရနံ့ဆီက ကူညီပါလိမ့်မယ်။ ဒီရနံ့ဆီက သင့်ကို ကားမောင်းတဲ့အခါ ဆုံးဖြတ်ချက် မြန်မြန်ချမှတ်စေပြီး ခရီးစဉ်တစ်လျှောက် အန္တရာယ်ကင်းစေမှာ ဖြစ်ပါတယ်။

လိမ္မော်ဆီ
လိမ္မော်ဆီက သင့်ကိုတက်ကြွပြီး စိတ်ရွှင်လန်းစေပါတယ်။ ကားကျပ်ကားပိတ်ပြီး လိုရာခရီးလမ်းကို ထင်သလောက်မရောက်တဲ့အခါ ရှုသင့်တဲ့ ရနံ့ဆီဖြစ်ပါတယ်။

ဂရိတ်ဖရုရနံ့ဆီ
ဒါကလည်း လိမ္မော်ရနံ့ဆီလိုပဲ စိတ်ဖိစီးမှုကို တွန်းလှန်ပေးပြီး နိုးကြားစေမယ့်ရနံ့ဆီပါ။ ကားမောင်းရင်း ခေါင်းကိုက်တဲ့အခါ၊ နုံးချည့်ပင်ပန်းတဲ့အခါ ရှုသင့်ပါတယ်။

ပင်စိမ်းရနံ့ဆီ
ခရီးရှည် ကားမောင်းရင်း စိတ်ဓာတ်ကျချင် သလိုလိုပင်ပန်းနေပါသလား။ ပင်စိမ်းရနံ့ဆီဆွတ်ပြီး စိတ်ခွန်အားကို မြှင့်လိုက်ပါ။ စိတ်ဖိစီးမှု ကင်းစင်ပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ်။

သစ်ကြံပိုးခေါက်ရနံ့ဆီ
ခရီးရှည်ကားမောင်းချိန်မှာ ခေါင်းကိုက်တာနဲ့ တစ်ကိုယ်လုံးနွမ်းနယ်တာတွေ ကင်းစင်စေဖို့ သစ်ကြံပိုးခေါက်ရနံ့ဆီကို ရှုပေးသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top