Healthy Life Ad
International

ယာဉ်ကြောကျပ်ခြင်းက ကားမောင်းသူတို့၏ ကျန်းမာရေးကိုဆိုးရွားစေ

၊ မိုးမင်းထွန်း ၊ (Ref;DM)

လေ့လာမှုအသစ်အရ ယာဉ်ကြောကျပ်ကျပ်ထဲမှာ နေထိုင်ရတာက အရင်ကယူဆခဲ့တာထက် ကျန်းမာရေးပိုဆိုးရွားစေကြောင်း တွေ့ရှိခဲ့ပါတယ်။မီးနီမိတဲ့အချိန်မှာကားမောင်းသူတွေက ညစ်ညမ်းတဲ့လေကို ပိုမိုရှူရှိုက်ရပါတယ်။ ကားကျပ်ချိန်မှာနဲ့ မီးပွိုင့်စောင့်ရချိန်မှာ ကားထဲမှာမသန့်ရှင်းတဲ့ လေပမာဏ ၄၀ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ ရှိခဲ့ပါတယ်။ ပြင်ပလေကိုအတွင်းဆွဲသွင်းတဲ့ပန်ကာတွေက အန္တရာယ်ပိုတိုးစေပါတယ်။

ဒီဇယ်ကားတွေ၊ ကုန်တင်ကားတွေနဲ့ ဘတ်စ်ကားတွေက ထုတ်လွှင့်တဲ့ PM2.5s နဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေကအဓိက အဆိပ်အတောက်တွေဖြစ်ပါတယ်ကားတန်းစီနေစဉ်အတွင်း ရှေကားမှအိတ်ဇော ငွေ့တွေမရိုက်ခတ်အောင် နေရာခွာရပ်တန့်သင့်ပြီး ကားတံခါးပိတ်ထားခြင်း၊ ပန်ကာပိတ်ထားခြင်းဖြင့် ကားထဲမှာ ညစ်ညမ်းလေ ပမာဏလေးပုံသုံးပုံ လျော့ နည်းနိုင်ကြောင်းသိရပါတယ်။

အကောင်းဆုံးကပြင်ပလေအတွင်းသို့ဆွဲသွင်းတဲ့အစား ကားထဲကလေနဲ့ ပြန်လည်ပတ်စေအောင် ပန်ကာတွေကို ဆက်တင်ချိန်ထားသင့်ကြောင်း သုတေသီတွေကပြောပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ လေထုညစ်ညမ်းမှု က ဆေးလိပ်သောက်တာလို လူတွေမှာကင်ဆာဖြစ် စေနိုင်ကြောင်း သတိပေးထားပါတယ်။ လေထုညစ် ညမ်းမှုကြောင့် ၂၀၅၀ ခုနှစ်အရောက်မှာ တစ်နှစ် လူ ၆ ဒသမ ၅ သန်းကျော် အသက်ဆုံးရှုံးရဖွယ်ရှိ ကြောင်း လေ့လာမှုတစ်ခုကတွေ့ရှိထားပါတယ်။

လက်ရှိမှာတော့ နှစ်စဉ်ကမ္ဘာအနှံ့ အရွယ်မတိုင်ခင် သေဆုံးသူ ၃ ဒသမ ၃ သန်းရှိနေပြီး အဓိက အားဖြင့်အာရှတိုက်မှာဖြစ်ပွားပါတယ်။ ဆာရေးတက္ကသိုလ်မှပြုလုပ်တဲ့ ဒီသုတေသနရဲ့ ဦးဆောင်သု တေသီဒေါက်တာပရက်ရှန်ကူးမားက ယာဉ်ကြောမကျပ်တဲ့နေရာမှာထက် ယာဉ်ကြောကျပ်ထဲမှာ ကား မောင်းသူတွေက အဆိပ်အတောက်အငွေ့တွေနဲ့ထိတွေ့မှု ၂၉ ဆအထိမြင့်တက်ကြောင်း တွေ့ရှိခဲ့တယ်လို့ ရှင်းပြပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top