Healthy Life Ad
Health Tips

အိပ်ခန်းထဲ သံပရိုသီးထားရှိပါက ရရှိမည့်ကောင်းကျိုးများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သံပရိုသီးမှာ ဗီတာမင်စီပါဝင်မှု မြင့်မားတဲ့အတွက် ကျန်းမာရေးကောင်းကျိုးရှိမှန်း လူတိုင်းသိပါတယ်။ သံပရို သီးကို ရေနွေးကြမ်းထဲ ထည့်သောက်ရင် အအေးမိဝေဒနာ သက်သာစေပါတယ်။ အခုအခါမှာတော့ အိပ်ခန်းထဲ သင့်အိပ်ရာဘေးမှာ သံပရိုသီးထားပေးရင် ဘယ်လိုကောင်းကျိုးရရှိနိုင်တယ်ဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။

– အပန်းပြေပါလိမ့်မယ်
သံပရိုသီးရဲ့ချဉ်တဲ့အနံ့ဟာ အာရုံကြောစနစ်ကို ငြိမ်းချမ်းစေပြီး ပူပင်သောကကိုလျော့ပါးစေပါတယ်။ တစ် နေ့လုံး စိတ်ရောလူရောပင်ပန်းနေပေမယ့် သံပရိုရနံ့က ဖိစီးမှုမှန်သမျှ ပြေလျော့သက်သာစေပါတယ်။ သံပရိုသီး ကို ထက်ခြမ်းခြမ်းပြီး အိပ်ရာဘေးထား ပေးရင် ပိုကောင်းပါတယ်။

– အာရုံစူးစိုက်မှုနဲ့ သတိပိုကောင်းလာပါလိမ့်မယ်
သံပရိုသီးမှာ နောက်ထပ်အံ့ဖွယ် အစွမ်းရှိပါသေးတယ်။ သံပရိုသီးနံ့ကို နေ့တိုင်းရှူပေးရင် အာရုံစူးစိုက်မှုပို ကောင်းပြီး စိတ်ခွန်အားမြင့်တက်ကာ မှတ်ဉာဏ်ကောင်းမွန်စေတာပဲ ဖြစ်ပါ တယ်။ အလုပ်ထဲမှာတောင် သံပရိုသီး ရနံ့ရှူလိုက်ရင်အမှားနည်းစေပါတယ်။

– စိတ်ခံစားမှု ပိုကောင်းလာပါလိမ့်မယ်
သံပရိုရနံ့ဆီက စိတ်ဓာတ်ကျဝေဒနာကိုသက်သာစေပါတယ်။ သံပရိုသီး ရနံ့ကို ရှူရှိုက်လိုက်ပါ။

– လေထုထဲ ပိုးမွှားသန့်စင် နေပါလိမ့်မယ်
သံပရိုသီးမှာ အနံ့အသက်ကောင်းတဲ့ ရနံ့ရှိပေမယ့် ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါက အခန်းထဲက လေထုကို သန့်စင်စေပါတယ်။

– သွေးတိုးကျစေပါတယ်
လူအများစုက သွေးတိုးရောဂါ ခံစားနေရတဲ့အတွက် သွေးတိုးကျအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေ ထိုင်စားသောက်မှုတွေလိုက်နာဖို့ လိုသလို သံပရိုသီးရနံ့ကိုပါ ရှူရှိုက်ပေးရပါမယ်။

– အင်းဆက် ပြေးစေပါတယ်
ပုရွက်ဆိတ်၊ ယင်ကောင်၊ ခြင်နဲ့ တခြားအင်းဆက်ပိုးမွှားတွေက သံပရိုသီးစိတ်ထဲ လေးညင်းပွင့်ထည့်ထားရင် အဲဒီရနံ့သင်းပျံ့နေတဲ့အခန်းထဲမှာသိပ် မနေလိုကြပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top