Healthy Life Ad
Health Tips

ပါးနီလှလှ ခြယ်ရအောင်

လရိပ်မေ

မျက်နှာအသွင်အပြင်ကို ချက်ချင်းပြောင်းလဲစေနိုင်တဲ့ အလွယ်ဆုံး မိတ်ကပ်က ပါးနီပါ။ ပါးနီလိမ်းလိုက်တာနဲ့ လှပပြီး ရှက်သွေးဖြန်းတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

အမျိုးအစားများ
(၁) ပေါင်ဒါအမျိုးအစား ပါးနီ

(၂) ခရင်မ်အမျိုးအစား ပါးနီ

(၃) ပါးနီအရည်

(၁) ပေါင်ဒါအမျိုးအစား ပါးနီ
အသုံးအများဆုံး ပါးနီက ပေါင်ဒါအမျိုးအစားဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့ရင်တော့ ပေါင်ဒါအမျိုးအစားပါးနီကို မသုံးသင့်ပါဘူး။ အသားအရေကို ပိုခြောက်သွေ့ကာ ပါးပြင်ကို သဘာဝမကျတဲ့ အသွင်ဖြစ်စေပါတယ်။

(၂) ခရင်မ်အမျိုးအစား ပါးနီ
သဘာဝကျတဲ့ ပါးပြင်အလှပိုင်ဆိုင်ချင်ရင် ခရင်မ်အမျိုးအစား ပါးနီကို လိမ်းခြယ်သင့်ပါတယ်။ ဒါမှသာအသားအရေနဲ့ တစ်သားတည်းဖြစ်ပြီး ကြည့်ကောင်းမှာပါ။

(၃) ပါးနီအရည်
ပါးနီအရည်က အဆီပြန်တဲ့ အသားအရေအတွက် သင့်တော်ပါတယ်။ ပါးနီအရည်က ခရင်မ်အမျိုးအစားပါးနီနဲ့ ပေါင်ဒါအမျိုးအစား ပါးနီထက်ပိုပြီး ကြာကြာခံပါတယ်။

အသားအရေနှင့် လိုက်ဖက်သော ပါးနီ

-အသားဖြူတဲ့သူတွေမှာ ပန်းရောင်အဖျော့ပါးနီလိမ်းသင့်ပါတယ်။

-အသားအရေက နီမြန်းတဲ့ဘက်သမ်းရင် ပန်းရောင်နဲ့ အနီရင့်ရောင်ကို ရှောင်ပါ။

-မက်မွန်သီးရောင် ပါးနီဟာ အသားညိုတဲ့ သူတွေအတွက် အသင့်တော်ဆုံး အရောင်ဖြစ်ပါတယ်။

ပါးနီလိမ်းခြယ်နည်း

-ပါးပြင်မှာ ပါးနီကို အထက်အောက် ဆွဲခြယ်တဲ့နည်းဟာ မျက်နှာကို ပိုတောက်ပစေပါတယ်။

-ပါးရိုးပေါ်ကနေ ညာဘက်ကို တည့်တည့်လိမ်းခြယ်တာက မျက်နှာကို ပိုနုပျိုစေပါတယ်။

-ပြုံးပြီးမို့လာတဲ့ ပါးပြင်နှစ်ဖက်ပေါ်မှာပါးနီလိမ်းခြယ်ရင် မျက်နှာကို ပိုနူးညံ့စေပြီး ပိုနုပျိုတောက်ပစေပါတယ်။

-ပါးနီကို ရေပြင်ညီအတိုင်း လိမ်းရင် မျက်နှာကို ပိုကျယ်စေပြီး မျက်နှာရှည်တာကို လျော့စေပါတယ်။

[Unicode version]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top