Healthy Life Ad
Health Tips

ကိုယ်အလေးချိန်များသူတို့ ဝိတ်ကျစေမည့် သစ်သီးဝလံများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အဝလွန်နေသူတွေနဲ့ ကိုယ်အလေးချိန်များ နေသူတွေ ဗိုက်ဆာတဲ့အခါ ကယ်လိုရီများတဲ့ အစာတွေကို စားမယ့်အစား အောက်ပါ သစ်သီးတွေကို အစားထိုးစားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို တကယ်လျော့ကျစေမှာပါ။

– ထောပတ်သီး

ထောပတ်သီးက ခန္ဓာကိုယ်ရဲ့ဇီဝရုပ် ဖြစ်ပျက်မှုကို တိုးစေရုံသာမက အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကိုယ်အလေးချိန် လျော့ကျစေတဲ့ တက်စတိုစတီ ရုန်းဟော်မုန်းအဆင့်ကိုမြင့်တက်စေလို့ ဖြစ်ပါတယ်။

– သစ်တော်သီး

သစ်တော်သီးမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် သင့်ကို ဗိုက်ပြည့်တဲ့ ခံစားချက် ဖြစ်ပေါ်နေစေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ သစ်တော်သီးကိုအခွံမခွာဘဲ ရေစင်အောင်ဆေးပြီး စားရင်ပိုကောင်းပါတယ်။ အမျှင်ဓာတ်တွေကသစ်တော် သီးခွံထဲမှာ ပိုမို ပါဝင်လို့ပါ။

– ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ကနေ ကိုယ်အလေးချိန် တိုးစေတဲ့ အဆိပ်တွေ ထွက်ရှိသွားစေပါတယ်။

– ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်နှုန်းတိုးစေပြီး အချိန် ကြာကြာ ဗိုက်ပြည့်ကာ တော်ရုံနဲ့ ဗိုက်မဆာတော့ပါဘူး။

– ငှက်ပျောသီး

ငှက်ပျောသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေ အပြည့်အဝပါဝင်တာကြောင့် အဆင်သင့် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ နံနက်စာစားတဲ့အခါ ငှက်ပျောသီးတစ်လုံး ထည့်စားရင် ခါးအတိုင်း အတာသွယ်လျပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

– သစ်သီးခြောက်များ

သရေစာ စားချင်တဲ့အခါ သစ်သီးခြောက်တွေကို စားပေးတာကြောင့် သင့်ခန္ဓာကိုယ်ရှိ မကောင်းတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့် လျော့ကျကာ ကိုယ်အလေးချိန်ကိုကျန်းမာရေးနဲ့အညီ ထိန်းညှိပေးပါတယ်။

– အုန်းသီး

အုန်းရည်နဲ့ အုန်းသီးဆံကို သုံးဆောင်တာကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး အစာစား ချိန်မဟုတ်ဘဲ ဗိုက်ဆာနေတာမျိုး မဖြစ်အောင်တား ဆီးပေးပါတယ်။ အုန်းသီးဆံ စားတာကြောင့် အသည်းရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ၃၀ ရာခိုင်နှုန်းနီးပါး အား ကောင်းစေပါတယ်။

– သံပရိုသီး

သံပရိုသီးဟာ အကောင်းဆုံး အသည်း အဆိပ်ဖြေဆေးတစ်လက်ပါ။ နံနက်တိုင်း သံပရိုသီးဖျော်ရည် တစ်ဖန်ခွက်သောက် ပေးရင် အဆီစုပုံမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

– ဂရိတ်ဖရုသီး

ဂရိတ်ဖရုသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ပြည့်သွားစေပါတယ်။

– လိမ္မော်သီး

တခြားအစာတွေ စားတာနဲ့ ယှဉ်ရင် လိမ္မော်သီး စားပေးတာကြောင့် ကယ်လိုရီ ရယူမှုကို သိသိသာသာ လျော့ကျစေပြီး ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝ နေစေပါတယ်။

– သခွားမွှေးသီး

သခွားမွှေးသီး တစ်ခွက်စာပမာဏမှာ ၆၀ ကယ်လိုရီပဲ ပါပေမယ့် အချိန်ကြာကြာ ဗိုက်ပြည့်နေစေတာကြောင့် ကိုယ်အလေးချိန် ထိန်းပေးတာပါ။

– သင်္ဘောသီး

သင်္ဘောသီးမှာ ပက်ပိန်းအင်ဇိုင်း ပါဝင်တာကြောင့် အူကတစ်ဆင့် အစာချေဖျက်နှုန်း မြန်စေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

– သလဲသီး

သလဲသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်ကနေ မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ဒါ့အပြင် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

– ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ဗီတာမင်စီနဲ့ လိုင်ကိုပင်းဓာတ် ပါဝင်တာကြောင့် အမိုင်နိုအက်စစ်ကာနီတင်း ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ကာနီတင်းက ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းမှုဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top