Healthy Life Ad
Health Tips

အသက် ၆၀ အရွယ် ကျန်းမာရေး စစ်ဆေးမှု လုပ်လိုလျှင် . . .

မေး။ ။ ကျွန်တော်က အသက် ၆၀ အရွယ် သက်ကြီး ရွယ်အိုတစ်ဦးပါ။ ကျန်းမာရေး စစ်ဆေးမှုကို တစ်နှစ် တစ်ကြိမ်လုပ်သင့်တယ်လို့ Healthy Life ဂျာနယ် ရှေ့စာစောင်တွေထဲမှာ ဖတ်လိုက်ရပါတယ်။ ကျွန်တော့်အသက်အရွယ်ဆိုရင် ဘယ်အချက်တွေကို အဓိကထားပြီး စစ်ဆေးသင့်ပါသလဲခင်ဗျား။

ဦးသာကောင်း၊ မကွေး။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှဖြေကြားပေးပါသည်။

ဖြေ။ ။ အသက် ၆၀ အရွယ်ဆိုရင် နှလုံးကို စစ်ရပါမယ်။ ဆရာဝန်က နှလုံးကို နားထောင်တယ်၊ ပြီးရင် ECG ရိုက်ပါတယ်။ လိုအပ်ရင် ဓာတ်မှန်ရိုက်ရပါတယ်။ ECG ရိုက်ရင် နှလုံးသွေးကြောကျဉ်းရောဂါ ရှိ မရှိ၊ နှလုံးခုန်နှုန်းမှန် မမှန်သိနိုင်ပါတယ်။
ဓာတ်မှန်ရိုက်တဲ့အတွက် နှလုံးရဲ့ အရွယ်အစားကြီး၊ မကြီး ဆိုတာကို အကြမ်းဖျင်း သိနိုင်ပါတယ်။ လိုအပ်မှသာထပ်ပြီး Echo Cardiogram ရိုက်တာနဲ့ Coronary Angiogram ရိုက်တာတို့ကို ဆက်လက်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ Exercise Tolerance အကိုလည်း လိုအပ်ရင် ဆက်လက်စစ်ဆေးပေးပါတယ်။

အဆုတ်နဲ့ပတ်သက်တဲ့ ကျန်းမာရေး အခြေအနေတွေကို သိနိုင်အောင် ဓာတ်မှန်ရိုက်ပြီး စစ်ဆေးပေးပါတယ်။

ကျောက်ကပ်နဲ့ပတ်သက်ရင် ခေါ်တဲ့ ကျောက်ကပ်ရဲ့ Creatinine လုပ်ဆောင်ချက် ကောင်း၊ မကောင်း စစ်ရပါတယ်။ ဆီးထဲမှာ အနည်ပါ၊ မပါ သိအောင်ဆီးကို စစ်ပါတယ်။

အသည်းနဲ့ပတ်သက်လို့ စစ်မယ်ဆိုရင် ALT, AST စသဖြင့် စစ်ဆေးရပါတယ်။ ပုံမှန် စစ်ဆေးမှု မှာတော့ အာထရာဆောင်းလည်း ရိုက်ပါတယ်။ ဒါဆိုရင် အသည်းအဆီဖုံးတာနဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းက ကြီးနေလဲ ဆိုတာမျိုး သိနိုင်ပါတယ်။သွေးအားနည်း၊ မနည်း စစ်ပါတယ်။ နောက်ပြီးတော့ ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိနဲ့ အဆီ(Lipid Profile)တွေကို စစ်ဆေးရပါတယ်။ အဆစ်အမျက်တွေကိုက်ရင် ယူရစ်အက်စစ် စစ်တာမျိုး ထပ်စစ်ရပါတယ်။အရိုးပါးရောဂါ ရှိ၊ မရှိကို ဦးစားပေးစစ်ဆေးရပါတယ်၊ ဒီအသက်အရွယ် မှာ ကင်ဆာစစ်ဆေးမှုတွေကို ပိုလုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top