Healthy Life Ad
Health Tips

နှစ်စဉ် စစ်ဆေးသင့်သော ကျန်းမာရေး စစ်ဆေးနည်း ၁၀

၊ ဇွန် ၊

လူအများစု၊ အထူးသဖြင့် အသက်ကြီးသူတွေအနေနဲ့ တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်တဲ့အကြောင်းရင်း ၁၀ခု အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စာရင်းပြုစုပြီး အရေးကြီးဆုံးကို အရင်စစ်ပါ

“အသက်ကို ဉာဏ်စောင့်”ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးအတွက် ဗဟုသုတတွေကို ရှာမှီးထားဖို့လိုပါတယ်။ တစ်နှစ်တာအတွင်းမှာ ကျန်းမာရေးအတွက် မဖြစ်မနေစစ်ဆေးသင့်တဲ့ စမ်းသပ်နည်း ၁၀မျိုးရှိပါတယ်။ အဲဒီအထဲမှာ အရေပြားစစ်ဆေးမှု၊ မျက်စိစစ်ဆေးမှု၊ သွေးစစ်ဆေးမှု၊ အကြားအာရုံစစ်ဆေးမှုစတာတွေ ပါဝင်နေပါတယ်။ ဒီအရာတွေကို စာရင်းချရေးလိုက်ပြီး သင့်မှာ လတ်တလောအားနည်းနေတယ်လို့ ထင်တဲ့အရာကို အရင်စစ်ဆေးပါ။ ဥပမာ – သွားကိုက်နေရင် သွားဆေးခန်းကို အမြန်သွားပြသင့်ပါတယ်။

(၂) သွားဆရာဝန်နှင့် ပြပါ

သွားကျန်းမာရေး ထိန်းသိမ်းတာက သွားတွေလှပဖို့ထက် ပိုပြီးအရေးပါပါတယ်။ အထူးသဖြင့် သွားဖုံးရောဂါကနှလုံးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါတို့ဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေတာကြောင့် သွားနဲ့ခံတွင်းကျန်းမာတာက အထွေထွေကျန်းမာရေး ကောင်းမွန်အောင် ပံ့ပိုးပေးရာရောက်ပါတယ်။ ဒါကြောင့် သွားဆေးခန်းက ဆက်သွယ်ပြီး စာရင်းပေးလိုက်ပါ။

(၃) သွေးတွင်း သကြားဓာတ်ကို တိုင်းတာပါ

သွေးတွင်းသကြားဓာတ် ပမာဏကို စစ်ဆေးကြည့်တာကြောင့် အကြိုဆီးချိုသွေးချိုရောဂါအခြေအနေကို သိနိုင်ပါတယ်။ လူအများစုဟာ သွေးတွင်းသကြားဓာတ်ကို တိုင်းတာစစ်ဆေးမှုမပြုလုပ်ကြတာကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်မှ၊ ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲ ရောဂါတွေရမှသိကြတာများပါတယ်။ ဒီလိုမဖြစ်စေဖို့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်တိုင်းတာစစ်ဆေးမှုပြုလုပ်ပေးပါ။ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်အနည်းငယ်မြင့်တက်နေရင် လေ့ကျင့်ခန်းလုပ်တာ၊ အမျှင်ဓာတ်များတဲ့ အစာစားတာ၊ သစ်သီးဝလံဟင်းသီးဟင်းရွက်များများစား တာစတဲ့နည်းတွေနဲ့ သွေးတွင်းသကြားဓာတ်ကို အန္တရာယ်ကင်းအောင် ထိန်းချုပ်နိုင်ပါတယ်။

(၄) ရင်သားဓာတ်မှန်ရိုက်ပါ

သင်ဟာ အသက် ၄၀ကျော် ၅၀ အရွယ်အမျိုးသမီးဖြစ်ရင် ရင်သားဓာတ်မှန် (Mammogram) ရိုက်ကာ စစ်ဆေးမှုခံယူသင့်သလားဆိုတာကို ဆရာဝန်နဲ့တိုင်ပင်သင့်နေပါပြီ။ သင့်အသက်အရွယ်၊ ရင်သားပြောင်းလဲမှုနဲ့ တခြားဖြစ်နိုင်ခြေရှိတဲ့ အချက်တွေပေါ်မူတည်ပြီး ဆရာဝန်က အကြံဉာဏ်ပေးပါလိမ့်မယ်။

(၅) အရိုးထုထည်ကို စစ်ဆေးပါ

အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့ အရိုးသိပ်သည်းဆကို သိထားသင့်ပါတယ်။ တကယ်လို့ အရိုးသိပ်သည်းဆနည်းနေရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို ကြိုတင်သောက်သုံးနိုင်မှာဖြစ်ပါတယ်။

(၆) အမြင်အာရုံကို စမ်းသပ်ပါ

သင်က အဝေးမှုန်တာ၊ အနီးမှုန်တာစတဲ့ အမြင်အာရုံဝေ၀ါးမှုကြောင့် မျက်မှန်တပ်နေရသူ မဟုတ်ရင်တောင် မျက်စိကျန်းမာရေးအတွက် တစ်နှစ်တစ်ကြိမ် စမ်းသပ်မှုခံယူဖို့ လိုအပ်ပါတယ်။

(၇) အကြားအာရုံကို စမ်းသပ်ပါ

အကြားအာရုံ ကောင်း၊ မကောင်း စမ်းသပ်စစ် ဆေးမှုခံယူဖို့ လူအများစုက မေ့လျော့နေကြလေ့ရှိပါတယ်။ သူများပြောစကားကို မကြားရတာကြောင့် မကြာခဏ ပြန်မေးနေရရင်၊ သင့်စကားသံ ကျယ်လောင်တယ်လို့ လူအများစုက ပြောနေရင်၊ တီဗီကြည့်တဲ့အခါ၊ သီချင်းနားထောင်တဲ့အခါ အသံအကျယ်ကြီးဖွင့်ကြောင်း တခြားသူတွေက သတိပေးနေရင် အကြားအာရုံကို စစ်ဆေးသင့်နေပြီဖြစ်ပါတယ်။

(၈) သွေးတွင်း ကိုလက်စထရော စမ်းသပ်မှုလုပ်ဆောင်ပါ

အမျိုးသမီးအများစုဟာ ရင်သားကင်ဆာဖြစ်မှာကို အကြီးအကျယ်စိုးရိမ်နေကြပါတယ်။ တကယ်တော့ အမျိုးသမီးတွေကို သေဆုံးစေတဲ့ အဓိကအကြောင်းရင်းက နှလုံးရောဂါကြောင့်ပါ။ နှလုံးရောဂါဖြစ်စေတဲ့ အချက်တစ်ခုဖြစ်တဲ့ သွေးတွင်းကိုလက်စထရောအဆင့်မြင့်တက်မှုမရှိအောင် ပုံမှန်စစ်ဆေးမှုခံယူသင့်ပါတယ်။

(၉) လိင်မှုဘဝကို စစ်ဆေးပါ

လိင်ပိုင်းဆိုင်ရာ အလေ့အထတွေက အထိန်းချုပ်မဲ့နေရင် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေရှိနေရင် ပြဿနာတစ်ရပ်ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးသင့်ပါတယ်။

(၁၀) အဆစ်ရောင်ရမ်းနာကျင်မှုကို အဖြေရှာပါ

ကိုယ်အလေးချိန်များတာနဲ့ လှုပ်ရှားမှုနည်းပါးလွန်းတာတွေဟာ အသက်ကြီးလာချိန်မှာ အဆစ်ရောင်ရမ်းနာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ အဆစ်ရောင်ရမ်းနာကျင်မှု အများစုမှာဖြစ်ရတဲ့ အခြေခံအကြောင်းရင်းတွေ ရှိနေနိုင်တာကြောင့် ရှာဖွေဖို့လိုအပ်နေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top