Healthy Life Ad
Q & A

ကျန်းမာရေးစစ်ဆေးမှုခံယူရာမှာ ကိုယ့်ဘာသာ စစ်သင့်သလား၊ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်သလား . . .

မေး. ကျန်းမာရေးစစ်ဆေးမှုလုပ်ချင်ပါတယ်။ တစ်ခုသိချင်တာက ကျန်းမာရေးစစ်ဆေးမှု မခံယူခင်မှာ ကိုယ့်ဘာသာ စစ်တာကောင်းပါသလား၊ ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးမှု ပြုလုပ်သင့်ပါသလား ဆရာ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. တချို့နေရာတွေမှာ ကျန်းမာရေးစစ်ဆေးတဲ့အခါမှာ Package တွေခွဲထားပါတယ်။ လူနာတွေက အရင်ကျန်းမာရေးစစ်ဆေးလာပြီးမှ ဆရာဝန်နဲ့ လာပြတာလည်း ရှိပါတယ်။ အဲဒီ Package တွေထဲမှာ အစုံစစ်ဆေးလာတာတွေလည်းရှိပါတယ်။ အစုံမစစ်ဘဲ လာပြတာမျိုးလည်း ရှိပါတယ်။ ဆရာတို့ကတော့ ကျန်းမာရေး မစစ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်တာကို ပိုအားပေးပါတယ်။ ဒါမှ ဆရာဝန်က လူနာကို အရင်စမ်းသပ်စစ်ဆေးမေးမြန်းပြီး လူနာအနေနဲ့ ဘယ်အချက်ကို ဦးစားပေးစစ်သင့်သလဲဆိုတာကို ပြောပြအကြံပေးနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှု ခံယူမယ့်သူတိုင်း ဆရာဝန်နဲ့ အရင်ပြရမယ်လို့တော့ မဟုတ်ပါဘူး။

ဆရာ့အမြင်ကတော့ ဆရာဝန်က လူနာကိုကြည့်ပြီး ဘာကိုဦးစားပေးစစ်ရမယ်ဆိုတာ အကြံဉာဏ်ပေးနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဒီနေရာမှာ အမေရိကန်နည်းနဲ့ အင်္ဂလန်နည်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အမေရိကန်က ချမ်းသာတော့ အစအဆုံး အကုန်စစ်ပါတယ်။ CT Scan တွေရိုက်တယ်၊ ဓာတ်မှန်ရိုက်တယ်၊ ECHO ရိုက်တယ်.. ဒါတွေအကုန်လုပ်လိုက်တဲ့အတွက် ရောဂါရှိနေရင် မလွတ်တော့ပါဘူး။ အကုန်တွေ့ပါတယ်။ ပိုက်ဆံတော့ ကုန်ပါတယ်။

အင်္ဂလန်နည်းကတော့ အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပါတယ်၊ ဆရာဝန်က ပြောတဲ့အတိုင်း လိုအပ်တာကိုပဲ စစ်ဆေးပါတယ်။ ကောင်းတာကတော့ ပိုက်ဆံမကုန်တော့ပါဘူး။ မကောင်းတာကတော့ လွတ်သွားတဲ့ ရောဂါတွေရှိနေနိုင်တာပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top